စင်ကာပူတွင် ယာယီစာချုပ်ဖြင့် အစမ်းခန့်ပြီးမှ အမြဲတမ်းဝန်ထမ်းအဖြစ် ကမ်းလှမ်းလိုသည့် ကုမ္ပဏီအရေအတွက် များပြားလာ

စင်ကာပူတွင် ယာယီစာချုပ်ဖြင့် အစမ်းခန့်ပြီးမှ အမြဲတမ်းဝန်ထမ်းအဖြစ် ကမ်းလှမ်းလိုသည့် ကုမ္ပဏီအရေအတွက် များပြားလာ

စင်ကာပူ၊ ဇူလိုင်-၉ ။      ။ ဝန်ထမ်းသစ်ခန့်ထားမှုဆိုင်ရာ အကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Hays ၏ ပြောကြားချက်အရ စင်ကာပူနိုင်ငံတွင် ဝန်ထမ်းများအား အမြဲတမ်းရာထူး မကမ်းလှမ်းမီတွင် ဦးစွာပထမ ယာယီစာချုပ်ဖြင့် အစမ်းခန့်လိုသည့် ကုမ္ပဏီအရေအတွက် ပိုမိုများပြားလာသည်ဟု ဆိုသည်။

‘ဝန်ထမ်းတွေကို ယာယီစာချုပ်ပြီး ကြိုက်မှ အမြဲတန်းခန့်ထားတဲ့စနစ်လမ်းကြောင်းက စင်ကာပူကုမ္ပဏီလောကမှာ တွင်ကျယ် လာနေပါတယ်။ လုပ်ဆဲစီမံကိန်းတွေအတွက်ရော ကိုယ်ဝန်ဆောင်ခွင့်အတွက်ပါ ယာယီအထောက်အပံ့က အကျိုးအမြတ် ကြီးကြီးမားမားရနိုင်တယ်ဆိုတာကို အလုပ်ရှင်တွေက သိလာနေကြပြီ’’ဟု Hays ရဲ့ အာရှဒေသ စီမံအုပ်ချုပ်မှုဒါရိုက်တာ မစ ္စ ခရစ္စတင်း ရိုက်က ပြောကြားခဲ့သည်။

သို့ရာတွင် စမ်းခန့်အနေဖြင့် ယာယီငှားရမ်းလိုသည်မှာ ကုမ္ပဏီများချည်း မဟုတ်ပါ။ အလုပ်လျှောက်သူများဘက်ကလည်း အဖွဲ့ အစည်းတစ်ခုနှင့် ရေရှည် လက်မတွဲမီတွင် ရာထူးတစ်ခုကို စမ်းလုပ်ရန်အတွက် ကာလအပိုင်းအခြားနှင့် အလုပ်တာဝန်များကို သာ လက်ခံလိုလာကြသည်ဟုလည်း မစ္စရိုက်က ပြောကြားခဲ့သည်။။

‘အလုပ်ရှာဖွေသူတွေကလည်း သူတို့ရဲ့ လာလတ္တံ့သော အခန်းကဏ္ဍကို ရှာဖွေလာတဲ့အခါမှာယ လစာတစ်ခုတည်းကိုပဲ မကြည့် ကြတော့ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဟာ သူတို့နဲ့ အမှန်တကယ် အံဝင်ခွင်ကျဖြစ်ပြီး၊ စစ်မှန်တဲ့ သက်မွေးဘ၀ တိုးတက်မှုအခွင့်အလမ်းတွေ ပေးနိုင်ရဲ့လားဆိုတာကို အရင်ကထက်ပိုပြီး စဉ်းစားလာကြတယ်’’ဟု မစ္စရိုက်က ပြောကြားခဲ့ သည်။     

စင်ကာပူကုမ္ပဏီများက စင်ကာပူနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများကိုသာ အလုပ်ခန့်ရန် ဦးစားပေးမြဲဖြစ်သော် လည်း နိုင်ငံခြားအလုပ်သမားများအတွက်လည်း အခွင့်အရေးရှိနေဆဲဖြစ်သည်ဟုလည်း Hays က ပြောကြားသည်။

ဇီဝသိပ္ပံ၊ ဘဏ္ဍာရေးနည်းပညာနှင့် အင်ဂျင်နီယာပညာရပ်များမှာ နိုင်ငံခြားမှ အလုပ်သမားများအတွက် အခွင့်အလမ်းများ ပွင့်လင်းနေသည့် ကဏ္ဍများဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly