ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် အကူညီပေးရန် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်း လှူဒါန်းသွားမယ့် လီယိုနာဒို

ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် အကူညီပေးရန် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်း လှူဒါန်းသွားမယ့် လီယိုနာဒို

လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၁၅ ။           ။ ဟောလိဝုဒ်အကျော်အမော် လီယိုနာဒို ဒီကာပီရို၏ ဖောင်ဒေးရှင်းသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် အကူညီပေးရန် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်း လှူဒါန်းသွားမည်ဖြစ်သည်။

လီယိုနာဒိုဒီကာပီရို ဖောင်ဒေးရှင်းသည်  ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် အကူ ညီပေးရန် လုပ်ဆောင်နေသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ အစီစဉ်များကို ငွေကြေးထောက်ပံ့ပေးသွားမည်ဟု ကတိပြုကြောင်း အသက် ၄၁ နှစ်အရွယ်ရှိ လီယိုနာဒိုက ပြောကြားခဲ့သည်။

မကြာသေးမီက လီယိုနာဒို၏ ကတိပြုပြောကြားချက်သည် ၁၉၉၈ ခုနှစ်မှစ၍ လီယိုနာဒိုဒီကာ ပီရို ဖောင်ဒေးရှင်းသည် အမေရိကန်ဒေါ်လာ ၅၉ သန်း လှူဒါန်းခဲ့ပြီးဖြစ်ကြာင်းကို ရည်ညွှန်းနေသည်။

“ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ အရေးကြီးတဲ့အဆင့်တွေကို တိုးမြှင့် လုပ်ဆောင်နေပါတယ်။ မဟာဗျူဟာ မိတ်ဖက်များကလည်း ကမ္ဘာ၏ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်း တဲ့နေရာမှာ အကူညီပေးနေပါတယ်” ဟု လီယိုနာဒိုက အစီရင်ခံစာတွင် ပြောကြားထားသည်။

လီယိုနာဒိုသည် ဖောင်ဒေရှင်းတွင် အမှုဆောင်အရာရှိချုပ်အသစ် အဖြစ်  တယ်ရီထမ်မင်နန်ကို ခန်ွှအပ်ခဲ့သည်။ ”အခုလို အရေးကြီးတဲ့အချိန်မှာ တယ်ရီက အမှုဆောင်အရာရှိချုပ်အဖြစ် ကျွန်တော် တို့နဲ့ ပူးပေါင်း လုပ်ဆောင်ပေးတဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာမိပါတယ်” ဟု လီယိုနာဒိုက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly