တောင်တရုတ်ပင်လယ်အရေး ခုံရုံးစီရင်ချက်အပေါ် အာဆီယံနှုတ်ဆိတ်နေ

တောင်တရုတ်ပင်လယ်အရေး ခုံရုံးစီရင်ချက်အပေါ် အာဆီယံနှုတ်ဆိတ်နေ

ကွာလာလမ်ပူ၊ ဇူလိုင် ၁၄ ။            ။ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ပိုင်ဆိုင်မှု အတည်ပြုထားခြင်းကို အပြည်ပြည်ဆိုင်ရာတရားရုံးက ပယ်ချလိုက်ခြင်းနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီးအနေဖြင့် တရုတ်၏ ဖိအားကြောင့် မည်သည့် ထုတ်ပြန်ချက်မျှ ထုတ်ပြန်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ဒေသတွင်းသံတမန်များက ပြောသည်။

သည်ဟိတ်ရှိ ခုံရုံးက ဇူလိုင် ၁၂ ရက်၌ တောင်တရုတ်ပင်လယ်အရေး စီရင်ချက်ချလိုက်ခြင်းနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီးအနေဖြင့် ထုတ်ပြန်ချက် ပြောဆိုရန် ဖိစီးမှုရှိနေကြောင်း နီးစပ်သည့် အာဆီယံသံတမန်များက ပြောသည်။

သို့သော်လည်း တရုတ်၏ နယ်ကျုးမှုများကြောင့် စုစည်းအား ပိုကောင်းလာခဲ့သည့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့ကြီးအနေဖြင့် အခြေခံတူညီမှု မဖြစ်ထွန်းလာသေးကြောင်း ၎င်းတို့က ပြောသည်။

"အာဆီယံအဖွဲ့ထဲက တာဝန်ရှိသူတွေအနေနဲ့ မူကြမ်းစာတမ်းတော့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့အနေနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ကိုတော့ သဘောတူညီကြခြင်း မရှိကြပါ။"ဟု သံတမန်တစ်ဦးက ပြောပြီး အာဆီယံက ထုတ်ပြန်ချက် မထွက်လာနိုင်ရန်အတွက် တရုတ်နိုင်ငံက ၎င်း၏ အာဆီယံမဟာမိတ်များဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို သပ်လျှိုချုပ်ကိုင်ထားဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး သူ့၏ အာဆီယံမဟာမိတ်များကတစ်ဆင့် အာဆီယံကို သွေးခွဲထားကြောင်း လာအိုနှင့် ကမ္ဘောဒီးယားတို့ကို ရည်ညွန်းကာ အခြားအကြီးတန်းအာဆီယံသံတမန်တစ်ဦးကလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly