လူမူရေးမီဒီယာတွင် တေလာဆွစ်ဖ်ကို ဝေဖန်ခဲ့တဲ့ ကာလ်ဗင်ဟားရစ်

လူမူရေးမီဒီယာတွင် တေလာဆွစ်ဖ်ကို ဝေဖန်ခဲ့တဲ့ ကာလ်ဗင်ဟားရစ်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၄ ။        ။ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည်  ၎င်း၏ချစ်သူဟောင်း ကဲလ်ဗင်ဟားရစ်၏ မကြာသေးမီက ထွက်ရှိခဲ့သော တေးသီချင်းကို  အမည်ဝှက်ဖြင့်   ရေးသားပေးခဲ့သည်ဟု အနုပညာသတင်း မီဒီယာတစ် ခုက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ကာလ်ဗင်ဟားရစ်သည် ဇူလိုင် ၁၃ ရက်က လူမှုရေးမီဒီယာတွင် ယင်းသို့ ပြောကြားမှုသည် ၎င်းအား အရုပ်ဆိုး အကျည်းတန်စေကြောင်း တေလာဆွစ်ဖ်ကို ပြစ်တင် ဝေဖန်ခဲ့သည်။

ဧပြီလက ထွက်ရှိခဲ့သော ဟားရစ်နှင့် R&B အဆိုတော် ရီဟားနားတို့ ပူးတွဲသီဆိုထားသော “This is What You Came For” တေးသီချင်းသည် တေလာဆွစ်ဖ် ရေးသားပေးခဲ့ခြင်းဖြစ်ကြောင်း   တေလာ၏ ကိုယ်စားလှယ်က ပြောကြားခဲ့သည်ဟု People မဂ္ဂဇင်းက ဖော်ပြထားသည်။

တေလာသည် ဟားရစ်နှင့်တွဲနေစဉ်က “Nils Sjoberg” နာမည်ဝှက်ဖြင့် အဆိုပါ တေးသီချင်း ကို ရေးသားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဟားရစ်က အင်တာဗျူးတစ်ခု၌ အနာဂတ်တွင် တေလာနှင့် ပူးပေါင်း အလုပ်လုပ်သွားမည်ဟု မစဉ်းစားထားကြောင်း ပြောကြားခဲ့မှုအပေါ် တေလာ စိတ်မကောင်း ဖြစ်ခဲ့ရကြောင်း မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“ဒီလိုမျိုးကျွန်တော့်ကို နာကျင်အောင်လုပ်တာဟာ သူမနဲ့ သူမအဖွဲ့ဟာ ကျွန်တော့ကို အရုပ်ဆိုး အကျည်းတန်အောင်လုပ်ဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်ဆိုတာ ပြောစရာမလိုပါဘူး” ဟု  ဟားရစ်က လူမှုရေးမီဒီယာတွင် တေလာဆွစ်ဖ်ကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိ တေလာနှင့် အသက် ၃၂ နှစ်အရွယ်ရှိ ဟားရစ်တို့သည် တစ်နှစ် ကျော် တွဲခဲ့ကြပြီးနောက် ပြီးခဲ့သည့်လက လမ်းခွဲခဲ့ခြင်းဖြစ်သည်။ တေလာသည် လက်ရှိအချိန်တွင် ဗြိတိန် သရုပ်ဆောင်မင်းသား တွမ်ဟဲဒဲလ်စတန်နှင့် တွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly