ခုံရုံးစီရင်ချက်ကို လေးစားပါဟု တရုတ်အား ဖိလစ်ပိုင်ပြော

ခုံရုံးစီရင်ချက်ကို လေးစားပါဟု တရုတ်အား ဖိလစ်ပိုင်ပြော

မနီလာ၊ ဇူလိုင် ၁၄ ။               ။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအငြင်းပွားမှုတွင် တရုတ်နိုင်ငံက ပိုင်ဆိုင်ခြင်းမရှိဟု အပြည်ပြည်ဆိုင်ရာတရားရုံးက စီရင်ချက်ချခဲ့ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် လေးစားသင့်ကြောင်း ဖိလစ်ပိုင်က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် တရုတ်သမ္မတ လီကီကျင့်တက်ရောက်မည့် ဇူလိုင် ၁၅ ရက်၌ စတင်မည့် နှစ်ရက်တာ အာရှ-ဥရောပထိပ်သီးညီလာခံ၌ ယခုကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီး ပါဖက်တိုယာဆေးက ပြောသည်။

ကုလသမဂ္ဂကျောထောက်နောက်ခံပြုသည့် အပြည်ပြည်ဆိုင်ရာတရားရုံးခုံသမာဓိအဖွဲ့က တောင်တရုတ်ပင်လယ်ကို တရုတ်က ပိုင်ဆိုင်ကြောင်း အတည်ပြုနေမှုသည် တရားရေးအရ အခြေအမြစ်မရှိကြောင်း ဇူလိုင် ၁၂ ရက်က စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီရင်ချက်ကို လက်မခံကြောင်း တရုတ်က ပြတ်ပြတ်သားသား ပြောထားသည်။

အဆိုပါ ခုံရုံးအနေဖြင့် တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ဒေသတွင်း အရေးအရာများအပေါ် ယင်းခုံရုံးက သက်ရောက်နိုင်မည်မဟုတ်ကြောင်း တရုတ်ဖက်က တုံ့ပြန်ထားသည်။

အာရှ-ဥရောပထိပ်သီးညီလာခံအား မွန်ဂိုလီးယားနိုင်ငံ ဥလန်ဘာတော၌ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၁၂ ရက်က တောင်တရုတ်ပင်လယ်အရေး စီရင်ချက်ချပြီးနောက် ပထမဆုံး နိုင်ငံတကာသံတမန်များ စုံညီအစည်းအဝေးတစ်ရပ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly