တောင်တရုတ်ပင်လယ်တွင် ဝေဟင်ကာကွယ်ရေးဇုန် တည်ဆောက်ပိုင်ခွင့်ရှိဟု တရုတ်ပြော

တောင်တရုတ်ပင်လယ်တွင် ဝေဟင်ကာကွယ်ရေးဇုန် တည်ဆောက်ပိုင်ခွင့်ရှိဟု တရုတ်ပြော

ပေကျင်း၊ ဇူလိုင် ၁၄ ။                ။ တောင်တရုတ်ပင်လယ်တွင် တရုတ်ပိုင်ပြု၍ အငြင်းပွားနေသည့် ပိုင်နက်နယ်မြေများအပေါ် ဝေဟင်ကာကွယ်ရေးဇုန်တည်ဆောက်ပိုင်ခွင့် တရုတ်နိုင်ငံ၌ ရှိကြောင်း အကြီးတန်းတရုတ်အရာရှိကြီးတစ်ဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးက တောင်တရုတ်ပင်လယ် ပိုင်နက်အရေးတွင် တရုတ်မပိုင်ဆိုင်ကြောင်း စီရင်ချက်ချလိုက်ပြီးနောက်တစ်ရက်၌ ဒုတိယနိုင်ငံခြားရေးဝန်ကြီး လွီကျန်မင်က ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ် တစ်ပြင်လုံးနီးပါး သန္တာကျောက်တန်းနှင့် ကျွန်းစုများအပါအဝင် အခြားနိုင်ငံများနှင့် တရုတ်နိုင်ငံတို့က သူပိုင်ငါပိုင် အငြင်းပွားနေခြင်းဖြစ်သည်။

တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံလိမ့်မည်မဟုတ်ကြောင်းလည်း တရုတ်နိုင်ငံက ပြောထားသည်။

တရားရုံးစီရင်ထုံးက တရုတ်နိုင်ငံ၏ ပင်လယ်ပြင် အချုပ်အခြာပိုင်ဆိုင်မှုအပေါ် မည်သို့မှ သက်ရောက်လိမ့်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖျင်ကလည်း ပြောထားသည်။

ဖိလစ်ပိုင်နိုင်ငံက အမှုတင်လာသည့် ရေပိုင်နက်အရေးတွင် သည်ဟိတ်အပြည်ပြည်ဆိုင်ရာ တရားရုံးက တရုတ်နိုင်ငံအား ပိုင်ဆိုင်ခွင့်မရှိကြောင်း ဇူလိုင် ၁၂ ရက်က စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာကို ကျုးကျော်ခြင်းဖြစ်ကြောင်း၊ လူလုပ်ကျွန်းများ တည်ဆောက်ခြင်းဖြင့်လည်း သဘာဝသန္တာကျောက်တန်းများ၏ သဘာဝပတ်ဝန်းကျင်ကို ကြီးစွာပျက်စီးစေကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly