အဓိကတပ်မှူး သေဆုံးကြောင်း အိုင်အက်စ်တည်ပြု

အဓိကတပ်မှူး သေဆုံးကြောင်း အိုင်အက်စ်တည်ပြု

နယူးယောက်၊ ဇူလိုင် ၁၄ ။                ။ မတ်လအတွင်းက အမေရိကန်တို့ သုတ်သင်နိုင်ခဲ့သည်ဟု ကြေညာထားခံရသည့် အိုင်အက်စ်အဖွ့ဲ၏ အဓိကတပ်မှူး အိုမာရှီဆန်နီ သေဆုံးကြောင်းကို အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသော သတင်းအေဂျင်စီတစ်ခုက ယနေ့တွင် အတည်ပြုသည်။

အီရတ်နိုင်ငံ မိုဆူးလ်မြို့တောင်ပိုင်းရှိ ရှီကွက်မြို့ တိုက်ပွဲအတွင်း ရှီဆန်နီသေဆုံးခြင်းဖြစ်ကြောင်း အာမတ်သတင်းဌာနက ပြောသည်။

ပင်တဂွန်က ရှီဆန်နီသည် ဆီရီးယားအရှေ့မြောက်ပိုင်းရှိ အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးကြောင်း မတ်လအတွင်းက ကြေညာထားခဲ့ခြင်းဖြစ်သည်။

နီကျင့်ကျင့် မုတ်ဆိတ်ရှည်များရှိသော ဂျီဟတ်ဝါဒီ ရှီဆန်နီသည် အိုင်အက်စ်ခေါင်းဆောင် အဘူဘတ်ဘဂ္ဂဒါဒီနှင့် နီးစပ်သော စစ်ရေးအကြံပေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ရှီဆန်နီသေဆုံးကြောင်းကို အိုင်အက်စ်တို့က သတင်းထုတ်ပြန်ချက်များ ပုံမှန်ထုတ်လွှင့်အသုံးပြုတတ်သည့် အာမတ်ဝက်ဘ်ဆိုက်က အတည်ပြုဖော်ပြခြင်းဖြစ်ပြီး မတ်လအတွင်းက သေဆုံးသည်ဟု ပင်တဂွန်၏ ကြေညာချက်ကို ငြင်းဆိုဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly