ရှယ်ယာစျေးကွက် ထိန်းနိုင်ရန် ဝယ်လက်ကြီးများမှ ရှယ်ယာများ ထုတ်ရောင်းခြင်းကို ခြောက်လအထိ တရုတ်အစိုးရတားမြစ်

ရှယ်ယာစျေးကွက် ထိန်းနိုင်ရန် ဝယ်လက်ကြီးများမှ ရှယ်ယာများ ထုတ်ရောင်းခြင်းကို ခြောက်လအထိ တရုတ်အစိုးရတားမြစ်

တရုတ်ရှယ်ယာဈေးကွက် ယိမ်းယိုင်နေခြင်းကို အစိုးရက ဝင်ရောက်ကာ နောက်ဆုံးထိန်းမတ်မှုအဖြစ် အဓိကရှယ်ယာ ပိုင်ရှင် များနှင့် မှတ်ပုံတင်ပြီး ကုမ္ပဏီအမှုဆောင်ကြီးများ ရှယ်ယာများ ထုတ်ရောင်းခြင်းကို နောက်ထပ်ခြောက်လအထိ ဈေးကွက် ကြပ်မတ်ရေးအဖွဲ့က တားမြစ်ထားရန် ဇူလိုင် ၈ ရက်က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်မှုသည် ငွေကြေးဈေးကွက်၏ တည်ငြိမ်မှုကို ထိန်းနိုင်ရန်နှင့် ရင်းနှီးမြုပ်နှံသူများ၏ တရားရေး အခွင့်အရေး ကို ကာကွယ်နိုင်ရန်ဖြစ်ကြောင်း တရုတ်လုံခြုံရေးရာစည်းကြပ်မှုကော်မရှင် CSRC က ပြောသည်။

အဆိုပါတားမြစ်ချက်ကို ကုမ္ပဏီဒါရိုက်တာများ၊ ဘုတ်အဖွဲ့အကြံပေးများနှင့် အကြီးတန်းအမှုဆောင်များ စသည့် ရှယ်ယာ ငါးရာခိုင်နှုန်းကျော် ပိုင်ဆိုင်သော ရှယ်ယာကြီးပိုင်ဆိုင်သူများအပေါ် အကျုံးဝင်တားမြစ်ထားခြင်းဖြစ်သည်။ တားမြစ်ချက်ကို မည်သည့်ဖောက်ဖျက်ကျုးလွန်မှုကိုမဆို တိကျသည့် အပြစ်ဒဏ်များမရှိသော်လည်း တွေ့ဆုံအရေးယူသွားမည်ဖြစ်ကြောင်း CSRC ကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရှယ်ယာဈေးကွက်ကျဆင်းနေခြင်းကို ကုစားရန်အတွက် အစိုးရက လုပ်ငန်းစဉ်များ ချမှတ်ကြေ ညာခဲ့သေးသည်။

ပြီးခဲ့သည့်လအမြင့်ဆုံးအနေအထားမှ ဇူလိုင် ၈ ရက်ဈေးကွက်ပိတ်ချိန်တွင် ရှန်ဟိုင်းအညွန်းကိန်း၌ ၃၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ယခုနောက်ဆုံး လုပ်ဆောင်မှုများတွင် အာမခံကုမ္ပဏီများကို ရှယ်ယာဈေးကွက်အတွင်း assets (ပိုင်ဆိုင်မှုအာမခံများ) ရင်းနှီးမြုပ်နှံရန်ခွင့်ပြုခြင်းနှင့် ကုမ္ပဏီငယ်များ၏ ရှယ်ယာများကို ဝယ်ယူခြင်းစီမံကိန်းကို ချမှတ်ခြင်းတို့ ပါဝင်သည်။

နိုင်ငံ၏ အဓိကအကြီးစားနိုင်ငံပိုင်လုပ်ငန်းကြီး ၁၁၁ ခုကိုလည်း ၎င်းတို့၏ မှတ်ပုံတင်ရှိ ရုံးခွဲများမှ ရှယ်ယာများ ရောင်းချခြင်းများကို တားမြစ်ထားပြီဖြစ်သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly