ဖိလစ်ပိုင်ကို အနိုင်ပေးသည့် အပြည်ပြည်ဆိုင်ရာ တရားရုံးဆုံးဖြတ်ချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

ဖိလစ်ပိုင်ကို အနိုင်ပေးသည့် အပြည်ပြည်ဆိုင်ရာ တရားရုံးဆုံးဖြတ်ချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

ပေကျင်း၊ ဇူလိုင် ၁၃ ။             ။ တောင်တရုတ်ပင်လယ်အား တရုတ်က မပိုင်ဆိုင်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်က တရားဥပဒေနှင့် မညီကြောင်း တရုတ်နိုင်ငံက   ပြင်းပြင်းထန်ထန် ပယ်ချလိုက်သည်။

တရားရုံး၏ စီရင်ထုံးကြောင့် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်အချုပ်အခြာပိုင်နှင့် ရေကြောင်းပိုင်ဆိုင်ခွင့်အပေါ် မည်သည့်နည်းနှင့်မျှ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောသည်။

သို့သော် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်အတူ ရေပိုင်နက်အငြင်းပွားမှုအား ဖြေရှင်းသွားဖို့ ရှိနေဆဲဖြစ်ကြောင်း ၎င်းက အတိအလင်းထုတ်ဖော်ပြောခဲ့သည်။

တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ ဖိလစ်ပိုင်နိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး သည်ဟိတ်သို့ တင်လျှောက်ခဲ့ခြင်းဖြစ်သည်။

သည်ဟိတ်အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ခုံရုံးက တရုတ်နိုင်ငံအနေဖြင့် ယင်းရေပြင် သို့မဟုတ် သဘာဝရင်းမြစ်များကို သမိုင်းကြောင်းအရ ထိန်းချုပ်ပိုင်ဆိုင်ခဲ့သည့် အထောက်အထား တစ်စုံတစ်ရာမှ မရှိကြောင်း စီရင်ချက် ချလိုက်ခြင်းဖြစ်သည်။

ခုံရုံး၏ စီရင်ထုံးသည် တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်စလုံး လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂပင်လယ်ရေကြောင်းဥပဒေသဘောတူညီမှုအရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly