BIGBANG အဖွဲ့ဝင် Seungri တရုတ်တွင် မယဉ်ကျေးသော အပြုအမူအတွက် ဝေဖန်ခံရ

BIGBANG အဖွဲ့ဝင် Seungri တရုတ်တွင် မယဉ်ကျေးသော အပြုအမူအတွက် ဝေဖန်ခံရ

ဆိုးလ်၊ ဇူလိုင် ၁၂ ။        ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BIGBANG အဖွဲ့ဝင်  Seungri သည် မကြာသေး မီက တရုတ်နိုင်ငံတွင် ရထားစီးနေစဉ် ၎င်း၏ မယဉ်ကျေးသော အပြုအမူအတွက် ပြစ်တင်ဝေဖန်ခံခဲ့ ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ် သတင်းဌာနတစ်ခုသည် ဇူလိုင် ၁၁ ရက်က  ရထားပေါ်တွင် တစ်မှေးအိပ်ပျော်နေ သော Seungri ၏ ဓာတ်ပုံကို တင်ခဲ့ပြီး “Seungri ဟာ ရထားပေါ်မှာ သူရဲ့ ရှူးဖိနပ်နဲ့ ခြေအိတ်တွေကို ချွတ်ကာ အိပ်ပျော်နေတာကို တွေ့ရပါတယ်။ သူဟာ သူရဲ့ခြေထောက်ကို ရထားပြတင်းပေါက်တွင် တင်ခဲ့တဲ့အတွက် လူအများအပြားက ပြစ်တင်ဝေဖန်နေပါတယ်” ဟူသော စာကိုလည်း ရေးသား ခဲ့သည်။

Seungri ဖျော်ဖြေပွဲအတွက် အသံသွင်းရန် ရှီကျိုးမြို့မှ ရှန်ဟိုင်းမြို့သို့ ရထားစီးသွားနေစဉ် ယခုကဲ့သို့ ဓာတ်ပုံ ရိုက်ယူခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံတက်လာပြီးနောက် တရုတ်နိုင်ငံသား အများအပြားက “ဒီအပြုအမူဟာ ကြည့်လို့ မကောင်းပါဘူး။ Seungirက ဒါကို မှားပါတယ်လို့ ဝန်ခံပေးပါ” ဟူသော ထင်မြင်ချက်များကို ဓာတ်ပုံအောက်တွင် ရေးသားခဲ့ကြသည်။

Seungir ၏ အပြုအမူကို နားလည်ပေးသည့်  တစ်ချို့သော တရုတ်နိုင်ငံသားများက “သူ အရမ်းပင်ပန်းနေတဲ့အတွက် ဒီလိုအမှားမျိုး လုပ်မိသွားတာပါ” ဟု ရေးသားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags