၂၀၁၆ ခုနှစ်၏ ၀င်ငွေအများဆုံး ရရှိတဲ့ အနုပညာရှင် ဖြစ်လာတဲ့ တေလာဆွစ်ဖ်

၂၀၁၆ ခုနှစ်၏ ၀င်ငွေအများဆုံး ရရှိတဲ့ အနုပညာရှင် ဖြစ်လာတဲ့ တေလာဆွစ်ဖ်

နယူးယော့ခ်၊ ဇူလိုင် ၁၂ ။         ။ ပေါ့ကြယ်ပွင့် တေလာဆွစ်ဖ်သည် နှစ်ပေါင်းများစွာတိုင် မကြာခဏဆိုသလို တေးဂီတဇယား တွင် ထိပ်ဆုံးမှ ပါဝင်ခဲ့ခြင်းကြောင့် Forbes မဂ္ဂဇင်း၏  နှစ်စဉ်ပြုလုပ်နေကျ ကမ္ဘာပေါ်တွင် ဝင်ငွေအ များဆုံး အနုပညာရှင် ၁၀၀ စာရင်းတွင်  ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိ အဆိုတော် တေလာဆွစ်ဖ်သည် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ဖြင့် Forbes မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် ဝင်ငွေအများဆုံး အနုပညာရှင် ၁၀၀ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ တေလာဆွစ်ဖ်သည် ကမ္ဘာပေါ်တွင် တစ်ဘီလျံ၏ လေးပုံတစ်ပုံခန့် အမြတ်စွန်း ရရှိခဲ့သည့် 1989 ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကြောင့် ဝင်ငွေအအများအပြား ရရှိခဲ့သည်။

တေလာဆွစ်ဖ် ရရှိသော ဝင်ငွေ စုစုပေါင်းသည် ၎င်း၏ ရည်းစားဟောင်း စကော့တလန် ဒီဂျေ သမား  ကာလ်ဗင်ဟားရစ်ရရှိသော ဝင်ငွေ၏ သုံးဆခန့် ရှိကြောင်းနှင့် ကာလ်ဗင်ဟားရစ်သည် အမေရိ ကန်ဒေါ်လာ ၆၃ သန်းဖြင့် နံပါတ် ၂၁ နေရာတွင် ရပ်တည်နေသည်။

One Direction အဖွဲ့သည် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် နံပါတ် ၂ နေရာတွင် ရပ်တည် နေပြီး ဂျက်စတင်ဘီဘာသည် အမေရိကန်ဒေါ်လာ ၅၆ သန်းဖြင့် နံပါတ် ၂၆ နေရာတွင် ရပ်တည်နေ သည်။ စာရေးဆရာ ဂျိမ်စ်ပက်တာဆင်သည် အမေရိကန်ဒေါ်လာ ၉၃ သန်းဖြင့် နံပါတ် ၃ နေရာတွင် ရပ်တည်နေသည်။

တေလာနှင့် ဟာရစ်တို့နှစ်ဦး တွဲနေမည်ဆိုပါက ဝင်ငွေအများဆုံးရရှိသည့် အနုပညာစုံတွဲ ၁၀၀ စာရင်းတွင် ပါဝင်မည်ဖြစ်သော်လည်း ယခုအခါ ဘီယွန်စေးနှင့် ဂျေဇီးတို့နှစ်ဦးသည် နှစ်ယောက်ဝင် ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၅ သန်းဖြင့် ဝင်ငွေအများဆုံးရရှိသည့် အနုပညာစုံတွဲ ဖြစ်လာသည်။

ကေတီပယ်ရီသည် အမေရိကန်ဒေါ်လာ ၄၁ သန်းဖြင့် နံပါတ် ၆၃ နေရာတွင် ရပ်တည်နေပြီး ဘရစ်တနီစပီးယားသည် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်းဖြင့် နံပါတ် ၉၉ နေရာတွင် ရပ်တည်နေသည်။

ဟာသ သရုပ်ဆောင်မင်းသား ကီဗင်ဟက်သည် အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၅ သန်းဖြင့် ပြီးခဲ့သည့်နှစ်က နံပါတ် ၉၅ မှ ယခုအခါ  နံပါတ် ၆ အဆင့်သို့မြှင့်တက်ခဲ့ပြီး ဂျယ်ရီဆိုင်ဖက်ဒ်ထက် ဝင်ငွေပိုများသော ပထမဆုံး ဟာသသရုပ်ဆောင်မင်းသား ဖြစ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly