တောင်တရုတ်ပင်လယ်အား တရုတ်မပိုင်ဆိုင်ကြောင်း နိုင်ငံတကာတရားရုံးက စီရင်ချက်ချ

တောင်တရုတ်ပင်လယ်အား တရုတ်မပိုင်ဆိုင်ကြောင်း နိုင်ငံတကာတရားရုံးက စီရင်ချက်ချ

ပေကျင်း၊ ဇူလိုင် ၁၂ ။             ။ ဖိလစ်ပိုင်နိုင်ငံက အမှုစွဲတင်သည့် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာတရားရုံးက တရုတ်၏ ပိုင်ဆိုင်ကြောင်း အတည်ပြုပြောကြားထားမှုကို ပယ်ချလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် ယင်းရေပြင် သို့မဟုတ် သဘာဝရင်းမြစ်များကို သမိုင်းကြောင်းအရ ထိန်းချုပ်ပိုင်ဆိုင်ခဲ့သည့် အထောက်အထား တစ်စုံတစ်ရာမှ မရှိကြောင်း သည်ဟိတ်တရားရုံး၏ အမှုစီရင်ထုံးခုံရုံးက ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားရုံး၏ စီရင်ချက်သည် အခြေအမြစ်မရှိကြောင်း တရုတ်ကဆိုကာ လက်သင့်မခံကြောင်း ပြောသည်။

တောင်တရုတ်ပင်လယ် သန္တာကျောက်တန်းများ၊ ကျွန်းစုများအပါအဝင် ရေပြင်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အတည်ပြုပြောဆိုထားခြင်းဖြစ်သည်။

သည်ဟိတ်အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ခုံရုံးက တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောသည်။ ထိုပြင် ယင်းရေပြင်အတွင်း လူလုပ်ကျွန်းများ တည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံသည် သန္တာကျောက်တန်းများ၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်းလည်း ခုံရုံးက ပြောဆိုသည်။

ယခုခုံရုံး၏ စီရင်ထုံးသည် တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်စလုံး လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂပင်လယ်ရေကြောင်းဥပဒေသဘောတူညီမှုအရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီရင်ချက် မချမီ အမေရိကန်က ယင်းရေပြင်သို့ လေယာဉ်တင်သင်္ဘောနှင့် ဂျက်တိုက်လေယာဉ်များ စေလွှွတ်ထားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း တရုတ်က အငြင်းပွား ပရာစေးကျွန်းစုများအနီး ရေတပ်စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly