အာဖရိကဆိုင်ရာ ကိန်း စာပေဆု ရရှိသော စာရေးဆရာမ နမ်ဝါလီဆာပဲ(လ်) က ဆုငွေများကို ခွဲဝေပေးမည်

အာဖရိကဆိုင်ရာ ကိန်း စာပေဆု ရရှိသော စာရေးဆရာမ နမ်ဝါလီဆာပဲ(လ်) က ဆုငွေများကို ခွဲဝေပေးမည်

နယူးယော့ခ်၊ ဇူလိုင် ၈ ။        ။ အမေရိကန်အခြေစိုက် ဇမ်ဘီယာ စာရေးဆရာမ နမ်ဝါလီဆာပဲ(လ်) သည် အာဖရိကဆိုင်ရာ ကိန်း(န်)စာပေဆုကို ဆွတ်ခူးရရှိခဲ့ရာ ထိုဆုငွေကို ဒုတိယနှင့် တတိယရရှိသူများအား ခွဲဝေပေးသွား မည်ဟု သူက ကတိပေးခဲ့ သည်။

သူသည် The Sack ဝတ္ထုတိုအတွက် ဆုငွေအဖြစ် ဒေါ်လာ ၁၅,၆၀၀ ကို လက်ခံရရှိမည် ဖြစ်သည်။

“အဲဒီဝတ္ထုဟာ ဆန်းသစ်မှှုရှိပြီးတော့ ရေးဟန်ကလည်း ရင်သပ်ရှှုမော ဖြစ်စရာပါ။ ညှို့ယူ ဖမ်းစားနိုင်စွမ်း ရှိပြီးတော့ ပဟေဠိလည်း ဆန်ပါတယ်” ဟု ဆုရွေးချယ်ရေး အကဲဖြတ် ဒိုင်လူကြီး များက ဆိုခဲ့ကြသည်။

ဆုငွေများကို ခွဲဝေပေးရန် ကတိပြုခြင်းကို “ပုန်ကန်မှှု တစ်ရပ်” အဖြစ် ပြုလုပ်ခြင်း ဖြစ်ကြောင်း မစ္စဆာပဲ(လ်)က BBC Newsday ကို ပြောသည်။ “ဆုပေးပုံ စနစ်ကို ကျွန်မ ပြောင်းလဲပစ်ချင်ပါတယ်” ဟု သူက ဆိုသည်။

“အလွန်လေးစားရတဲ့ တခြား စာရေးဆရာတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ဒီလိုမျိုး အနေအထားကို ကျရောက်သွားတာဟာ အရမ်းကို ခွကျလှပါတယ်။ ပြီးတော့ စာရေးဆရာ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ကူညီပံ့ပိုးချင်နေချိန်မှာ American idol အဆိုပြိုင်ပွဲလို အနေအထားမျိုး၊ မြင်းပြိုင်ပွဲလို အခြေအနေမျိုးကို ကျရောက်သွားတယ်လို့ ခံစားရပါတယ်” ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly