ရှန်းတုံးလူနန်သို့ ပေါင် ၁၃ သန်းဖြင့် ပယ်လီပြောင်းရွှေ့

ရှန်းတုံးလူနန်သို့ ပေါင် ၁၃ သန်းဖြင့် ပယ်လီပြောင်းရွှေ့

ဇူလိုင် ၁၂၊ ကျင်နန်။ ။             ။ ရှန်းတုန်းလူနန်သို့ ပေါင် ၁၃ သန်းဖြင့် မထင်မှတ်ဘဲပြောင်းရွှေ့သွားခဲ့သည့် ပယ်လီသည် တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့သည့်   နောက်ဆုံးဥရောပကြယ်ပွင့် တစ်ဦးဖြစ်လာခဲ့သည်။

အသက် ၃၀ အရွယ်ရှိ အီတလီတိုက်စစ်မှူးပယ်လီသည် ဆဋ္ဌမမြောက်ကမ္ဘာ့လုပ်ခလစာအများဆုံးအဖြစ် တစ်ပတ်လျှင် ပေါင် ၂၆၀, ၀၀၀ ကျော်ရရှိမည်ဖြစ်သည်။

ပယ်လီသည် ယူနိုက်တက်တိုက်စစ်မှူးရွန်နီကို လုပ်ခလစာအများဆုံး ၁၀ ဦးစာရင်းအပြင်ဘက်သို့ရောက်သွားစေခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူးသစ် အီဘရာဟီမိုဗစ်၏နောက်တွင် တစ်နှစ်ပေါင် ၁၃ ဒသမ ၆ သန်းဖြင့် ရပ်တည်နိုင်ခဲ့သည်။

ပြင်ပဝင်ငွေတွင် ဝိန်းရွန်နီက ပယ်လီထက်သာနိုင်သော်လည်း တရုတ်ကလပ်များအနေဖြင့် ကစားသမားလစာကို မြင့်မားစွာ ပေးချေချင်နေကြောင်းကို ပြသလိုက်ခြင်းလည်းဖြစ်သည်။

ဆောက်သမ်တန်တိုက်စစ်မှူးပယ်လီသည် စူပါလိဂ်တွင် ၁၇ ပွဲကစား ၁၁ ဂိုးသာသွင်းနိုင်ပြီး အမှတ်ပေးဇယားဒုတိယအောက်ဆုံး တွင်ရောက်နေသည့် ရှန်းတုန်းလူနင်အသင်း၌ ပါပစ်ဆစ်ဆီနှင့် တွဲဖက်ကစားရမည်ဖြစ်သည်။

ရှန်းတုန်းလူနင်အသင်းကို ဂျာမန်လူမျိုးနည်းပြ ဖီလစ်မာဂတ်က ကိုင်တွယ်နေသည်။ မာဂတ်သည် ၂၀၁၄ တွင် ဖူလ်ဟမ်အသင်း တန်းမဆင်းရခင် ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly