ဗြိတိန်ဝန်ကြီးချုပ် ဗုဒ္ဓဟူးနေ့တွင် ရာထူးမှ နုတ်ထွက်မည်

ဗြိတိန်ဝန်ကြီးချုပ် ဗုဒ္ဓဟူးနေ့တွင် ရာထူးမှ နုတ်ထွက်မည်

လန်ဒန်၊ ဇူလိုင် ၁၁ ။              ။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ဗုဒ္ဓဟူးနေ့တွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်ရာ လက်ရှိ ပြည်ထဲရေးဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသော ထရီဇာမေသည် အဆိုပါနေ့တွင် ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်သွားမည်ဖြစ်သည်။

ကင်မရွန်သည် အင်္ဂါနေ့တွင် ၎င်း၏ ဝန်ကြီးအဖွဲ့ နောက်ဆုံးအစည်းအဝေးကို ကျင်းပပြီး ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်မှ မေးမြန်းမှုများကို မိနစ် ၃၀ ခန့် ဖြေကြားကာ ရာထူးမှ နုတ်ထွက်မည်ဖြစ်သည်။

"ကျွန်တော် ဘာမင်ဟန်နန်းတော်ကိုသွားပြီး နုတ်ထွက်စာကို တင်ရပါလိမ့်မယ်။ အဲဒီနောက် ကျွန်တော်တို့ နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်က စတင် တာဝန်ထမ်းဆောင်ပါလိမ့်မယ်" ဟု ကင်မရွန်က ပြောကြားသည်။

ကွန်ဆာဗေးတစ်ပါတီမှ အင်ဒရာလက်ဆန် ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်မှုမှ နုတ်ထွက်သွားခဲ့သဖြင့် ထရီဇာမေအနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ပြိုင်ဘက်မရှိ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၅၉ နှစ်အရွယ် အမျိုးသမီးဖြစ်သူ ထရီဇာမေသည် ဗြိတိန်နိုင်ငံအား ဥရောပသမဂ္ဂအတွင်း ဆက်လက်ပါဝင်ရေးကို ထောက်ခံသူတစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှစတင်၍   ပြည်ထဲရေးဝန်ကြီးတာဝန်ကို  ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် တိုက်တွန်းခဲ့ပြီး ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်မှုမှ နုတ်ထွက်သွားသူ အမျိုးသမီး လက်ဆန်က ဗြိတိန်နိုင်ငံအနေဖြင့် ခိုင်မာတည်ငြိမ်သည့် အစိုးရတစ်ရပ်လိုအပ်ရှိရာ ထရီဇာမေအနေဖြင့် ဗြိတိန်၏ အနာဂတ်အတွက် စနစ်တကျ လုပ်ကိုင်နိုင်လိမ့်မည်ဟု ပြောကြားလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly