ဆွစ်ဇာလန် ဂျပ်ဇ် ဂီတပွဲတွင် လေဒီဂါဂါနှင့် တိုနီဘန်းနတ်ထ်တို့ ပူးတွဲဖျော်ဖြေခဲ့

ဆွစ်ဇာလန် ဂျပ်ဇ် ဂီတပွဲတွင် လေဒီဂါဂါနှင့် တိုနီဘန်းနတ်ထ်တို့ ပူးတွဲဖျော်ဖြေခဲ့

မွန်ထရိုး၊ ဇူလိုင် ၈ ။      ။ တနင်္လာနေ့ ညက ဆွစ်ဇာလန်ရှိ Montreux ဂျပ်ဇ် ဂီတပွဲတွင် လေဒီဂါဂါနှင့် တိုနီဘန်းနတ်ထ် တို့ ပူးတွဲဖျော်ဖြေခဲ့ကြသည်။ ထိုဂီတပွဲတော်မှာ ရုံပြည့်သော ဂီတပွဲ တစ်ခုလည်း ဖြစ်သွားခဲ့သည်။

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးအဆိုတော် လေဒီဂါဂါနှင့် အသက် ၈၉ နှစ် ပြည့်တော့မည် ဖြစ်သည့် အမျိုးသားအဆိုတော် တိုနီဘန်းနတ်ထ် တို့သည် ၎င်းတို့ နှစ်ဦး၏ ၂၀၁၄ ဂီတအယ်လ်ဘမ် “Cheek to Cheek” ထဲမှ သီချင်း နှစ်ပုဒ်ဖြစ်သည့် “Anything Goes” နှင့် “Cheek to Cheek” သီချင်းများ အပါအဝင် သီချင်း ၃၀ ခန့်ဖြင့် ပရိသတ်ကို သီဆိုဖျော်ဖြေပေးခဲ့ကြသည်။

မိနစ် ၁၀၀ ခန့် ကြာသော ဂီတပွဲတွင် လေဒီဂါဂါသည် ဝတ်စုံ ခြောက်ကြိမ်ခန့် လဲလှယ်ခဲ့သည်။

၎င်းတို့ နှစ်ဦး၏ ၂၀၁၄ ခုနှစ် ဂီတအယ်လ်ဘမ် “Cheek to Cheek” ကို ဝယ်ယူကြပါရန် အဆိုတော် ဘန်းနက်ထ်က ပရိသတ် အား ဟာသ နှော၍ တိုက်တွန်းခဲ့သည်။ “ကျွန်တော်တို့ရဲ့ ဂီတအယ်လ်ဘမ်ကို ကျွန်တော်တို့ ကမ္ဘာလှည့်ပြီး ရောင်းနေ ပါတယ်။ ကျေးဇူးပြုပြီး ဝယ်ကြပါ ခင်ဗျား။ သူ [လေဒီဂါဂါ] တကယ်ကို ငွေလိုနေလို့ပါ” ဟု ဘန်းနက်ထ်က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly