ရဲ ပစ်ခတ်၍ လူမည်းနှစ်ဦး သေဆုံးမှုကြောင့် အမေရိကန်မြို့များတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

ရဲ ပစ်ခတ်၍ လူမည်းနှစ်ဦး သေဆုံးမှုကြောင့် အမေရိကန်မြို့များတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

နယူးယောက်၊ ဇူလိုင် ၁၀ ။               ။ အမေရိကန်နိုင်ငံ မင်နီဆိုးတားနှင့် လူစီယားနားပြည်နယ်တို့၌ ရဲပစ်ခတ်၍ လူမည်းနှစ်ဦး သေဆုံးခဲ့ရခြင်းကြောင့် ဆန္ဒပြမှုများက မြို့တော်တော်များများတွင် ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။

လူစီယားနားရှိ ဘတ်တွန်လမ်းပေါ်တွင် လက်နက်ကိုင် New Black Panther Party အဖွဲ့ဝင်များနှင့် ရဲတို့ထိပ်တိုက်တွေ့ကြသလို မင်နီဆိုးတားပြည်နယ်တွင် လမ်းများပိတ်ဆို့ထားခြင်း၊ လက်နက်များဖြင့် ပစ်ခတ်ခြင်းများ ရှိသည်။

လူဒါဇင်များစွာ ဖမ်းဆီးမှုများ ရှိသော်လည်း လူစုလူဝေးအများစုက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

ဒဲလ်လက်စ်မြို့အခြေအနေက တင်းမာနေပြီး ဆန္ဒပြချီတက်မှုတစ်ရပ်အတွင်း လူမည်းတစ်ဦးက ပစ်ခတ်၍ တာဝန်ရှိသူငါးဦးသေဆုံးသည်။

ရဲဌာနချုပ်လည်း ခြိမ်းခြောက်ခံရခြင်းကြောင့် လုံခြုံရေးအဆင့် မြှင့်တင်ခဲ့ရသော်လည်း သံသယရှိသူကို ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ဌာနချုပ်အတွက် ဘေးကင်းကြောင်း ကြေညာရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly