ပေါ့ဂ်ဘာကိုပေါင်သန်း ၁၀၀ ဖြင့်ဝယ်ရန် ကစားသမားရှစ်ဦးခန့်ကို မော်ရင်ဟိုရောင်းချဖွယ်ရှိ

ပေါ့ဂ်ဘာကိုပေါင်သန်း ၁၀၀ ဖြင့်ဝယ်ရန် ကစားသမားရှစ်ဦးခန့်ကို မော်ရင်ဟိုရောင်းချဖွယ်ရှိ

ဇူလိုင် ၁၀၊ မန်ချက်စတာ။            ။ ယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုသည် ဂျူဗင်တပ်ကွင်းလယ်လူပေါ့ဂ်ဘာကို ပေါင်သန်း ၁၀၀ ဖြင့်ဝယ်ယူနိုင်ရန် အသင်းမှ ကစားသမားရှစ်ဦးခန့်ကို   ရောင်းချဖွယ်ရှိနေသည်ဟု The Sun သတင်းစာက ဖော်ပြသည်။

ယူနိုက်တက်နည်းပြသည် အမာခံကစားသမား ၂၂ ဦးသာထားရှိချင်နေသည်။ အသက် ၂၃ အရွယ်ရှိပေါ့ဂ်ဘာသည် ယူနိုက်တက် ကိုအပြောင်းအလဲလုပ်မည့် မော်ရင်ဟို၏ အဝယ်စာရင်းတွင် ပေါင်သန်း ၁၀၀ တန်သည့် ကစားသမားဖြစ်နေသည်။

ယူနိုက်တက်အနေဖြင့် လက်ရှိအသင်းမှာကစားသမားအချို့ကို အငှားချခြင်း၊ ရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

“အမာခံကစားသမား ၂၂ ယောက်နဲ့ပဲ အလုပ်လုပ်ချင်တယ်လို့ ဟိုဆေးက ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ။ အဓိပ္ပါယ်က တော့ ကစားသမား ရှစ်ယောက်ထိထွက်ခွာရပါလိမ့်မယ်”ဟု ယူနိုက်တက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရာသီက ခြေစွမ်းမပြနိုင်သည့် ရိုဟို၊ ရှနိုက်ဒါလင်းနှင့် ရှဝိန်းစတိုင်ဂါတို့မှာ အသင်းမှထွက်ခွာရနိုင်ချေအရှိဆုံးဖြစ်နေ သည်။

ယူနူဇက်မှာ ပြီးခဲ့သည့်ရာသီက အငှားထွက်ကစားခဲ့ရပြီး ဒီပိုင်း၊ ဘလိုင်းနှင့် မာတာတို့၏ အနာဂါတ်မှာလည်း မရေမရာဖြစ်နေ သည်။

မော်ရင်ဟိုအနေဖြင့် ပေါ့ဂ်ဘာကိုခေါ်နိုင်ရန် အသင်းဟောင်း ရီးယဲလ်မက်ဒရစ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly