ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ် မြောက်ကိုရီးယား မအောင်မြင်

ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ် မြောက်ကိုရီးယား မအောင်မြင်

ပြုံယမ်း၊ ဇူလိုင် ၉ ။             ။ မြောက်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောတစ်စီးမှ ဖျက်အားပြင်းဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောသည်။

ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းရေပြင်အောက်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတစ်ရပ်ဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သည့် သုံးလခန့်က မြောက်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ်ခဲ့သော်လည်း မအောင်မြင်ဖြစ်ခဲ့ပြီး ယခုနောက်ထပ်တစ်ကြိမ် စမ်းသပ်ခြင်းတွင်လည်း မအောင်မြင်ပြန်ခြင်းဖြစ်သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားဖွယ်ရှိနေသည့် မြောက်ကိုရီးယားနိုင်ငံအား ကုလသမဂ္ဂက ဒုံးကျည်ပစ်လွှတ်စမ်းသပ်ခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

"SLBM (ရေငုပ်သင်္ဘောပစ်လွှတ်ဒုံးကျည်)ကို ပစ်လွှတ်စဉ်က ပုံမှန်အတိုင်း ဆောင်ရွက်နိုင်တာဖြစ်ပေမယ့် ပျံသန်းစမှာပဲ မအောင်မြင်ဖြစ်သွားတာပါ။"ဟု တောင်ကိုရီးယားစစ်တပ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"မြောက်ကိုရီးယား၏ ယင်းလုပ်ရက်အား အပြင်းအထန်ကန့်ကွက်ကြောင်း" ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ ဖျက်အားပြင်းဒုံးကျည်အား ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲခန့်က မြောက်ကိုရီးယား ဆင်ပိုကမ်းခြေမှ ပစ်လွှတ်လိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly