တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် NLD ပါတီအမည်ကို အလွဲသုံးစားလုပ်ကာမြေကွက်ရောင်းသည့် အဖွဲ့ကိုဖမ်းဆီး မိ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် NLD ပါတီအမည်ကို အလွဲသုံးစားလုပ်ကာမြေကွက်ရောင်းသည့် အဖွဲ့ကိုဖမ်းဆီး မိ

မြိတ်၊ ဇူလိုင် - ၈ ။            ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် NLD ပါတီ အမည်ကို အလွဲသုံးစား လုပ်ကာမြေကွက်ရောင်းသည့် လူမှုအ ထောက်အကူပြုကော်မတီ(မြိတ်တောင်ကျေးရွာ)အဖွဲ့၏ ဥက္ကဌဖြစ်သူနှင့် အဖွဲ့ဝင် (၇)ဦးကို ဇူလိုင် (၇) ရက်ညနေက မြိတ်မြို့၊မြိတ်တောင်နယ်မြေတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးအောင်သန်းကို (ပ)၇၂၇/၂၀၁၆ ၊ပုဒ်မ ၄၂၀/၄၆၈ မြေကွက်လိမ်လည် မှုရောင်း ချမှုနှင့် စာရွက်စာတမ်းအတုပြုလုပ်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း မြိတ်မြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲမှူး ဦးဝင်းဇော်ဦးက ဇူ လိုင်(၈)ရက်တွင် ပြောသည်။

“ မရှိဆင်းရဲသားတွေ အိမ်ခြေယာခြေမရှိတဲ့သူတွေကို ဝန်ကြီးချုပ်ဆီတင်ပြပြီးတော့ ၊ တင်လည်းတင် ပြပြီးသား ဖြစ်တယ်။ ကျလည်းကျလာပြီးသားဖြစ်တယ်။ မြေကွက်တစ်ကွက်ကို ငါးသောင်းကျမယ်ဆိုပြီးပြောတော့ တစ်မြို့လုံးကို ပြန့် သွားတယ်။ ဒီလိုနဲ့ မြို့က ဒေသခံတွေက ဝယ်ကြတာမှာ သူ့ဆီမှာ သိန်း(၇၀၀)ကျော် လောက် ရှိ နေပြီ။ သူအတုပြု လုပ် ထားတဲ့ စာ ရွက်စာတမ်းတွေ၊ အိမ်ယာမဲ့အိမ်ထောင်စုစာရင်းတွေ သိမ်းထားပြီးပါပြီ” ဟု ဒုရဲမှူးက ရှင်းပြ သည်။

ယင်းလုပ်ရပ်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် NLD ပါတီ၏ ဂုဏ်သိက္ခာကိုထိခိုက်စေမည့် အချက်အလက် များကြောင့် အစိုးရအဖွဲ့ပုံရိပ် ၊ ပါတီပုံရိပ်ထိခိုက်စေသဖြင့် အဆိုပါ ကော်မတီအဖွဲ့၏ အဖွဲ့ဝင် (၁၁)ဦးစလုံးကို တရား စွဲဆို သွားမည်ဟု မြိတ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် များဖြစ်သည့် ဦးမြတ်ကို နှင့် ဦးမင်းမင်း တို့က ပြောဆိုခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ပါတီကို နာမည်အလွဲသုံးစားလုပ်ပြီးတော့ အစိုးရကို အ ကြည် အညိုပျက်အောင်၊ ပါတီကိုအကြည်ညိုပျက်အောင်လုပ်တဲ့ ပုံစံဖြစ်တဲ့အတွက်ကြောင့် ပါတီက နေပြီး တရားစွဲဖို့ အတွက် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ တရားစွဲဆိုသွားမှာပါ။ ကျွန်တော်တို့ဆီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်သေ အသံဖိုင် လည်းရှိပါ တယ် ” ဟု၎င်းတို့ကပြောဆိုသည်။

အထောက်အကူပြု အကျိုးဆောင်ကော်မတီ ဥက္ကဌဖြစ်သူ ဦးအောင်သန်းသည် မြိတ်မြို့နယ် တောထွင်ကြီး ကျေးရွာနှင့် ကုန်းဖောက်ရပ်ကွက် ရွာချင်းဆက်လမ်းဖောက်လုပ်မည်ဟု အကြောင်းပြကာ အဆိုပါလမ်း၏ လမ်းဘေးဝဲ၊ယာ မြေ ကွက်များကို တစ်ဦးလျှင် (၈၀၀၀၀)ကျပ်ဖြင့် ရောင်းချခြင်းများပြုလုပ်ခဲ့ပြီး (၅၀၀၀၀)ကျပ်ကို အလှူငွေအဖြစ် မှတ်တမ်းတင် ကြောင်းဂုဏ်ပြုလွှာပေးအပ်ခဲ့သည့် ပုံစံဖြစ်ကြောင်း၊ ၎င်း၏နေအိမ်မှ မြေကွက်ရောင်းရငွေ(၁၆၈)သိန်း၊ ကမ္ဘောဇဘဏ်အပ် နှံငွေ (၃၀၀)သိန်းနှင့် မိတ်ဆွေဖြစ်သူထံအပ်နှံငွေ(၄၀၀)သိန်းတို့ ကို စစ်ဆေးရရှိခဲ့ပြီဟု ဒုရဲမှူးက ဆက်လက်ရှင်းပြသည်။

မြေတစ်ကွက်လျှင် (၈၀၀၀၀)ကျပ်အဖြစ်သတ်မှတ်ပြီး ငွေကျပ်(၃၀၀၀၀)မှာ ခရီးစာရိတ်အဖြစ် ပေး ရကြောင်း မြေကွက်ဝယ်ယူခဲ့သည့် မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်သာရပ်ကွက်နေသူ မစန်း အေးက ပြောသည်။

လူမှု့အထောက်အကူပြုကော်မတီ (မြိတ်တောင်ကျေးရွာ)အဖွဲ့ဟု အမည်ခံထားသည့်အဖွဲ့သည် ၂၀၁၆ ၊ဇူလိုင် (၄)ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ကြောင်းသိရပြီး ယင်းအဖွဲ့တွင် အဖွဲ့ဝင်(၁၁)ဦးပါကာ ဥက္ကဌအဖြစ် မြိတ်တောင် ကျေးရွာအုပ်စုနေ လက်ရှိ အမှုအဖွင့်ခံထားရသူ ဦးအောင်သန်း၊ ဦးလှမြင့်တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် ကော်မတီအဖွဲ့ဝင်စုစုပေါင်း (၈)ဦးအနက် ဥက္ကဌ ဦးအောင်သန်းတစ်ဦးသာ အမှုဖွင့် ထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကော်မတီအဖွဲ့ဝင် (၁၁)ဦးလုံးကို တရားစွဲမည်ဖြစ်သဖြင့် ရဲလုပ် ငန်းစဉ်များအတိုင်း ယင်းကော်မတီနှင့်ပတ်သက်သည့် အကြောင်းအရာများကို ထပ်မံစုံစမ်းစစ်ဆေး သွားမည်ဖြစ် ကြောင်း မြို့မရဲစခန်း၏ ဒုရဲမှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly