နည်းပညာပြဿသ နာ ကြောင့် နယူးယောက်စတော့အိတ်ချိန်း အရောင်းအဝယ်ရပ်တန့်သွားခဲ့

နည်းပညာပြဿသ နာ ကြောင့် နယူးယောက်စတော့အိတ်ချိန်း အရောင်းအဝယ်ရပ်တန့်သွားခဲ့

Updated

နယူးယောက် စတော့အိတ်ချိန်း ရပ်တန့်သွားခြင်းနှင့် ပတ်သတ်၍ စီးပွါးရေးဆိုင်ရာ အကျိုးသက်ရောက်မှှုကို အကဲဖြတ်ရန် စောလွန်းသေးကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Earnest က ပြောကြားခဲ့သည်။ သို့ရာတွင် အခြေအနေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ငွေကြေးသက်သေခံလက်မှတ် နှင့် အိတ်ချိန်း ကော်မရှင် တို့က အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း Earnest က ပြောခဲ့သည်။

--------------------------------------------------------------------

နည်းပညာဆိုင်ရာပြဿနာတစ်ခုကြောင့် နယူးယောက်စတော့အိတ်ချိန်းတွင် ပုံစံအမျိုးမျိုးဖြင့် ကုန်သွယ်ရောင်းဝယ်မှုအားလုံးမှာ ယာယီရပ်ဆိုင်းသွားခဲ့သည်။

NYSE/NYSE MKT သည် ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်မှုအားလုံးကို ယာယီရပ်ဆိုင်းခဲ့သည်။ နောက်ထပ်သတင်းအချက်အလက်များသည် အမြန်ဆုံးနောက်မှ လိုက်လာခဲ့သည်ဟု NYSEက ၎င်း၏ ဝက်ဘ်ဆိုက်ရှိ ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

ရပ်တန့်စေခဲ့သော ပြဿနာကို အိတ်ချိန်းက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သတင်းရင်းမြစ်တစ်ခုကို ကားလျက် ရိုက်တာက အစီအရင်ခံခဲ့သည်။ ရောင်းဝယ်မှုမှာ ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၃၀မိနစ်ဝန်းကျင်တွင် ရပ်ဆိုင်းခဲ့သည်။ အမှာအားလုံးဖျက်သိမ်းခဲ့ရသည်ဟု NYSE ကပြောကြားခဲ့ကြောင်း ရိုက်တာကဖော်ပြခဲ့သည်။ NYSE သည် နည်းပညာပြသနာရှိအချို့ရှိနေပြီး ရောင်းဝယ်မှုအားလုံးကို ရပ်တန့်ထားရသည်။ 

စီးပွားရေးသတင်းစာ Wall Street Journal ၏ ဝက်ဆိုက်လည်း ကြည့်မရဘဲဖြစ်နေခဲ့ပြီး ယူနိုက်တက်လေကြောင်းလိုင်းများလည်း ကွန်ပျူတာ ပြဿနာကြောင့် နာရီပိုင်းမျှ ရပ်တန့်သွားခဲ့ကြောင်း ပြည်ထဲရေးဌာနက ထုတ်ပြန်ထားသည်။ 

Ref: Mother Jones/ CNN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly