မြောက်ကိုရီးယားရန်မှ ကာကွယ်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု ဖြန့်ကျက်ထားရှိမည်

မြောက်ကိုရီးယားရန်မှ ကာကွယ်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု ဖြန့်ကျက်ထားရှိမည်

ဇူလိုင် ၈ ။             ။ မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုအန္တရာယ်မှ ကာကွယ်ရန် အဆင့်မြင့်ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုကို ထားရှိသွားရေးအပေါ် တောင်ကိုရီးယားနှင့်အမေရိကန်တို့ တရားဝင်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားအာဏာပိုင်တို့က ဇူလိုင် ၈ ရက်တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားဘက်ကမှ ပစ်လွှတ်လိုက်နိုင်သော ဒုံးကျည်များကို ပစ်ချနိုင်မည့် THAAD ဟု ခေါ်ဆိုသော ဒုံးခွင်းစနစ်ကို ထားရှိသွားတော့မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသွားသည်။

အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်ထားရှိရေးအတွက် တောင်ကိုရီးယားတွင် စစ်စခန်းချထားသော အမေရိကန်တပ်ဖွဲ့နှင့်အတူ ပူးတွဲလုပ်ဆောင်သွားမည်ဟု တောင်ကိုရီးယားဘက်က ပြောကြားသွားသည်။

သို့သော် ယခုကဲ့သို့ တောင်ကိုရီးယားနိုင်ငံတွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ် ထားရှိမည့်အပေါ် တရုတ်နိုင်ငံက ကန့်ကွက်သွားခဲ့ပြီး ယင်းဒုံးစနစ်၏ ရေဒါမှာ ယင်း၏ နယ်မြေအတွင်းသို့ ရောက်ရှိနိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

THAAD ဒုံးကျည်ကာကွယ်ရေး စနစ်သည် တာဝေး၊ တာလတ်၊ တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ပစ်ချနိုင်ရန် ဖန်တီးထားသည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly