တရုတ်နိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူများကို ငွေကြေးလှူဒါန်းသွားမည့် ဆောင်းဂျွန်ကီ

တရုတ်နိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူများကို ငွေကြေးလှူဒါန်းသွားမည့် ဆောင်းဂျွန်ကီ

ဆိုးလ်၊ ဇူလိုင် ၇ ။            ။ တောင်ကိုရီးယား သရုပ်ဆောင်မင်းသား ဆောင်းဂျွန်ကီသည် ၎င်း၏ ၂၀၁၆ အာရှပရိသတ် တွေ့ဆုံပွဲမှ ရရှိသော ငွေများကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ၂၀၀၈ ခုနှစ်က ငလျင်ဒဏ်ခံစား ခဲ့ရသော ပြည်သူများသို့ ကူညီပေးနေသည့် တရုတ်ချို့တဲ့သူများ ကူညီရေး ဖောင်ဒေးရှင်းကို လှူဒါန်း သွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ  Blossom   အင်တာတိန်းမန့်က   ပြောကြားသည်။

သို့ရာတွင်  အေဂျင်စီက ဆောင်းဂျွန်ကီ ဘယ်လောက်ပမာဏ လှူဒါန်းသည်ကို ပြောကြားခြင်း မရှိပေ။ ဆောင်းသည် ယခင်ကလည်း ချို့တဲ့သူများ ကူညီရေးအဖွဲ့များကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ သည်။ ဆောင်းဂျွန်ကီသည် မေလက တရုတ်နိုင်ငံ၏ “Hurry Up , Brother” အစီစဉ် အပိုင်း ၁၃ တွင် ပါဝင် သရုပ်ဆောင်ခြင်းမှ ရရှိသည့် ငွေများကို အမည်မဖော်လိုသော လူမှုကူညီရေးအဖွဲ့သို့ လှူဒါန်း ခဲ့သည်။

ဆောင်းဂျွန်ကီသည် ၂၀၁၁ ခုနှစ်မှစ၍ ကိုရီးယားကလေးသူငယ် သွေးကင်ဆာဖောင်ဒေးရှင်း သို့လည်း ငွေကြေးများ လှူဒါန်းလျက်ရှိသည် ။ဆောင်း၏ ငွေကြေးထောက်ပံ့မှုကြောင့် ကလေးသူငယ် ဆယ်ဦးကျော်သည် ကင်ဆာကုသမှုကို ခံယူလျက်ရှိသည်။

ဆောင်းသည် ၂၀၁၅ ခုနှစ် နီပေါငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကိုကူညီပေးရန် ယူနီဆက်ဖ်သို့ ဝမ်ငွေ သန်းတစ်ရာ ( အမေရိကန်ဒေါ်လာ ၈၃ ၀၀၀ ) လှူဒါန်းခဲ့သည်။ ဆောင်းဂျွန်ကီ သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ထုတ်လွှင့်ပြသခဲ့သော “ Tears of the Antarctic”အစီစဉ်တွင် ဇာတ်ကြောင်း ပြန်ပြောသူအဖြစ် ဆောင်ရွက်ပေးမှုကြောင့် ရရှိခဲ့သော ငွေကြေးများအားလုံးကိုလည်း လှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly