ဘင်္ဂလားဒေ့ရှ်တွင် အိဒ်ပွဲတော် အကြီးဆုံးလူစုရုံးမှု၌ စစ်သွေးကြွများ လာရောက်တိုက်ခိုက်

ဘင်္ဂလားဒေ့ရှ်တွင် အိဒ်ပွဲတော် အကြီးဆုံးလူစုရုံးမှု၌ စစ်သွေးကြွများ လာရောက်တိုက်ခိုက်

ဒါကာ၊ ဇူလိုင် ၇ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွတ်စလင်အိဒ်ပွဲတော် အကြီးဆုံးလူစုရုံးမှုကို စောင့်ကြပ်ပေးနေသည့် ရဲအဖွဲ့အား စစ်သွေးကြွများက လက်လုပ်ဗုံးများ ပစ်ပေါက်ကာ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည်။

ကစ်ရှိုရီဂျန်ခရိုင် ရှိုလာကီယာကွင်းပြင်တွင် လူပေါင်း နှစ်သိန်းခွဲကျော် အိဒ်နေ့ဝတ်ပြုဆုတောင်းမှု စုရုံးလုပ်ဆောင်စဉ် လုံခြုံရေးဂိတ်စခန်း၌ တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

ရဲနှစ်ဦးနှင့် တိုက်ခိုက်ရေးသမားတစ်ဦးအပါအဝင် လူလေးဦးသေဆုံးကြောင်း ရဲက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင်းက ဒါကာမြို့တွင်းရှိ အဆင့်မြင့်ကော်ဖီဆိုင်တစ်ခုအား စစ်သွေးကြွများ ဝင်ရောက်စီးနင်း၍ နိုင်ငံခြားသားအများစုအပါအဝင် လူပေါင်း အနည်းဆုံး ၂၀ သေဆုံးခဲ့သည်။

အဆိုပါ ကော်ဖီဆိုင်တိုက်ခိုက်မှုကို အိုင်အက်စ်တို့က ၎င်းတို့ကျုးလွန်ကြောင်း ဆိုသော်လည်း အစိုးရက ပြည်တွင်းစစ်သွေကြွအုပ်စုများ၏ လက်ချက်သာဖြစ်ကြောင်း ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly