စိတ်ဓာတ်ကြောင့် ကမ္ဘောဒီးယားကို အနိုင်ကစားနိုင်ခဲ့ခြင်းဟု မြန်မာယူ-၁၆နည်းပြ သုံးသပ်

စိတ်ဓာတ်ကြောင့် ကမ္ဘောဒီးယားကို အနိုင်ကစားနိုင်ခဲ့ခြင်းဟု မြန်မာယူ-၁၆နည်းပြ သုံးသပ်

ဇူလိုင် ၇၊ ရန်ကုန် ။            ။ အာဆီယံယူ-၁၆ချန်ပီယံရှစ်ပြိုင်ပွဲအကြိုအဖြစ် ဇူလိုင် ၇ရက်က ကစားခဲ့သော ကမ္ဘောဒီးယားယူ-၁၆နှင့် ခြေစမ်းပွဲတွင်အနိုင်ရခဲ့ခြင်းမှာ စိတ်ဓာတ်ပိုင်းကြောင့်ဖြစ်သည်ဟု နည်းပြ ဦးညီညီလတ်ကသုံးသပ်ခဲ့သည်။

မြန်မာယူ-၁၆အသင်းမှာ ယင်းပွဲစဉ်တွင် ပွဲချိန် ၈၈ မိနစ်အထိ ၂-၁ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း နောက်ဆုံးမိနစ် ချေပဂိုးနှင့်အနိုင်ဂိုးများကြောင့် ပွဲအပြီးတွင် ၃-၂ ဂိုးဖြင့်အနိုင်ရခဲ့သည်။

‘ကျွန်တော်တို့ကပွဲချိန်နောက်ဆုံးမိနစ်အထိ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ကစားခဲ့လို့အနိုင်ရခဲ့တာပါ။ ကမ္ဘောဒီးယားနည်းပြပြောခဲ့သလို ဒီပွဲမှာအနိုင်ရသင့်တဲ့အသင်းက ကမ္ဘောဒီးယားဆိုတာလည်း ကျွန်တော်လက်ခံပါတယ်။ ကွင်းမြက်ခင်းပြင်အနေအထားက ကျွန်တော်တို့အတွက် ကစားရခက်ခဲ့ပါတယ်။’ ဟု ဦးညီညီလတ်ကပြောသည်။

မြန်မာယူ-၁၆အသင်းမှာ အာဆီယံယူ-၁၆ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(က)မှာ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တစ်အုပ်စုတည်းကျနေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဇူလိုင် ၁၀ရက်တွင် သြစတြေးလျအသင်းနှင့်ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly