ကာဇက်စတန်က အိန္ဒိယသို့ ယူရေနီယန် တန် ၅,၀၀၀ ရောင်းချပေးမည်

ကာဇက်စတန်က အိန္ဒိယသို့ ယူရေနီယန် တန် ၅,၀၀၀ ရောင်းချပေးမည်

အက်စ်တာနာ၊ ဇူလိုင် ၈ ။       ။ လာမည့် ငါးနှစ်အတွင်း အိန္ဒိယသို့ ယူရေနီယန် တန် ၅,၀၀၀ ရောင်းချပေးမည့် သဘောတူညီ ချက်တစ်ခုကို ကာဇက်စတန်က ဇူလိုင် ၈ တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု အိန္ဒိယဝန်ကြီချုပ် နာရင်ဒရာနှင့် တွေ့ဆုံပြီးနောက် ကာဇက်သမ္မတ နူအာဆူလ်တန်နာဇာဘာယက်က ပြောကြားခဲ့သည်။

"၂၀၁၅ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ အိန္ဒိယကို ယူရေနီယန် တန် ၅,၀၀၀ရောင်းချပေးမဲ့ ကန်ထရိုက်တစ်ခုကို လက်မှတ်ရေးထိုး မှုဟာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စနစ်တကျဖွံ့ဖြိုးလာတယ်ဆိုတဲ့ ပြယုဂ်ပါပဲ" ဟု နာဇာဘာယက်က သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ ကာဇက်စတန်သည် ယူရေနီယန်ထုတ်လုပ်မှုတွင် ဦးဆောင်နေသူဖြစ်သည်။

"ကာဇက်စတန်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ အများကြီးတန်ဘိုးထားပါတယ်။ ကာဇက်စတန်ဟာ အရပ်ဘက်နျူကလီးယားပူးပေါင်းဆောင်ရွက်ရေးမှာ ပထမဆုံးပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတစ်ခုပါ"ဟု မိုဒီက ပြောကြားခဲ့သည်။

ကာဇက်စတန်သည် ၂၀၁၀ပြည့်နှစ်မှ ၂၀၁၄အထိ ယူရေနီယန်တန်ချိန် ၂,၁၀၀ရောင်းချခဲ့သည်။

"အများကြီးပိုကြီးမားတဲ့ဒုတိယမြောက် ကန်ထရိုက်ကိုချုပ်ဆိုနိုင်တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ကာဇက်စတန် ဟာ ဒေသတွင်းမှာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စီးပွားရေးမိတ်ဖက်ပါ"ဟု မိုဒီက ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် ဆိုဗီယက်အုပ်စုဝင် ဗဟိုအာရှငါးနိုင်ငံခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် ဇူလိုင် ၇က ကာဇက်စတန် သို့ ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly