အချုပ်အချာအာဏာကို ထိပါးစေနိုင်သည့် လုပ်ရပ်များကို ရှောင်ရှားရန် တရုတ်က အမေရိကန်ကို သတိပေး

အချုပ်အချာအာဏာကို ထိပါးစေနိုင်သည့် လုပ်ရပ်များကို ရှောင်ရှားရန် တရုတ်က အမေရိကန်ကို သတိပေး

ဇူလိုင် ၇ ။            ။ တောင်တရုတ်ပင်လယ်တွင်းရှိ တရုတ်တို့၏ အချုပ်အချာအာဏာပိုင်ဆိုင်မှုနှင့် လုံခြုံရေးအပေါ် လာရောက်ထိပါးစေနိုင်သည့် လုပ်ရပ်မျိုးကို အမေရိကန်တို့အနေဖြင့်   ရှောင်ကြဉ်သင့်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံသို့ ဖုန်းဖြင့် ပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်အကြား အငြင်းပွားထားသည့် နယ်မြေပိုင်ဆိုင်မှုအရေးကိစ္စနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း နိုင်ငံတကာခုံရုံးက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် ရှိနေချိန်တွင် အမေရိကန်နိုင်ငံကို တရုတ်တို့ဘက်က သတိပေးပြောကြားသွားသည်။

အမေရိကန် အစိုးရအနေဖြင့် နိုင်ငံတကာအငြင်းပွားမှုတွင် ဘယ်မလိုက်ဝါဒသာ ကျင့်သုံးမည်ဆိုသည့် ကတိကဝတ်များကို ဆက်လက်ဆွဲကိုင်ထားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဂျွန်ကယ်ရီအား ပြောဆိုခဲ့သည်ဟု သိရသည်။

အမေရိကန်တို့အနေဖြင့် ပြုမူပြောဆိုမှုများတွင် သတိဖြင့် လုပ်ဆောင်မည်ဟု မိမိတို့ဘက်က ယုံကြည်ကြောင်းနှင့် မိမိတို့၏ အချုပ်အချာအာဏာနှင့် လုံခြုံရေးပိုင်းကို လာရောက်ထိပါးနိုင်သည့်လုပ်ဆောင်ချက်များ ရှောင်ကြဉ်လိမ့်မည်ဟု ယူဆထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် တရုတ်-ဖိလစ်ပိုင်တို့အကြား တောင်တရုတ်ပင်လယ်နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ သည်ဟေ့ဂ် မြို့ ခုံရုံးက လာမယ့် ဇူလိုင် ၁၂ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကာ အခြေအနေတင်းမာမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly