သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုတွင် အိုဘားနှင့် ဗီယက်နမ်ခေါင်းဆောင်တို့ တောင်တရုတ် ပင်လယ်အရေး ဆွေးနွေးခဲ့

သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုတွင် အိုဘားနှင့် ဗီယက်နမ်ခေါင်းဆောင်တို့ တောင်တရုတ် ပင်လယ်အရေး ဆွေးနွေးခဲ့

ဝါရှင်တန်၊ ဇူလိုင် ၈ ။    ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဗီယက်နမ်၏ အာဏာရကွန်မြူနစ်ပါတီ အကြီးအကဲ တို့သည် ဇူလိုင် ၇ ရက်က အိမ်ဖြူတော်တွင် ပြုလုပ်သော သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ စိုးရမ်မှုများကို ဆွေးနွေးခဲ့ကြသည်။

ငုယင်ဖူထရောင်သည် ဘဲဥပုံရုံးခန်းတွင် အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လူ့အခွင့်အရေး၊ ဘာသာတရားလွတ်လပ်ခွင့်တို့နှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

ထရောင်ကလည်း ဗီယက်နမ်နိုင်ငံသို့ လာရောက်ရန် အိုဘားမားကို ဖိတ်ကြားခဲ့သည်။ ထို့အပြင် သမ္မတက လက်ခံတွေ့ဆုံမှု အတွက်လည်း ကျေးဇူးတင်ကြောင်း ထရောင်ကပြောကြားခဲ့သည်။ အိုဘားမားကလည်း ဗီယက်နမ်သို့ သွားရောက်ရန်မျှော် လင့်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သွားမည့် ရက်စွဲကို မကြေညာခဲ့ပေ။

၂၀၁၄ မေလက ဗီယက်နမ်နှင့် တရုတ်တို့ကြား ဖြစ်ပွားခဲ့သော အချုပ်အခြာအာဏာ ဆိုင်ရာအငြင်းပွားမှုဖြစ်ပွားပြီး တစ်နှစ်ကျော် အကြာ ဗီယက်နမ်ခေါင်းဆောင်၏ ခရီးစဉ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အငြင်းပွားမှုအပေါ် အမေရိကန်က အခွင့်အရေးယူခဲ့ပြီး ဗီယက်နမ်က ၎င်းပိုင်ဆိုင်သည်သည်ဟု ယူဆထားသည့် ရေပိုင်နက်တွင် တရုတ်က မကြေညာဘဲ ရေနံတူးစင်ကြီး လာချ ပြီးနောက် ဟနွိုင်းနှင့် သံတမန်ဆက်ဆံရေးတိုးမြင့်ခဲ့သည်။

အမေရိကန်-ဗီယက်နမ်ဆက်ဆံရေးသည် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသည်ဟု အိုဘားမားက ပြောကြားခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့်နှစ်နှစ်အတွင်းမှာပင် ပညာရေး၊ ရာသီဥတုပြောင်းလဲမှု၊ ပြည်သူ့ကျန်းမာရေးနှင့် လုံခြံရေးပူးပေါင်းဆောင် ရွက်မှုတို့တွင် သိသာစွာတိုးတက်ခဲ့သည်ဟု အိုဘားမားက ဆိုသည်။

တရုတ်နှင့် ပတ်သက်၍ ဗီယက်နမ်၏ စိုးရိမ်မှုကို ထောက်ခံသည့် အနေဖြင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို နိုင်ငံတကာ စည်းမျဉ်းများကို အသုံးပြုကာ ဖြေရှင်းရန်လိုအပ်သည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly