ထိုင်းတွင် ဂေးများအတွက် သီးသန့်အကျဉ်းထောင်ထားရန် စီစဉ်

ထိုင်းတွင် ဂေးများအတွက် သီးသန့်အကျဉ်းထောင်ထားရန် စီစဉ်

ဘန်ကောက်၊ ဇူလိုင် ၆ ။             ။ ထိုင်းနိုင်ငံတွင် မိန်းမချင်းချစ်သူ၊ ယောက်ကျားချင်းချစ်သူ၊ ဒွိလိင်ချစ်သူနှင့် လိင်ပြောင်းထားသူ LGBT များ ထောင်ကျရာတွင် ၎င်းတို့၏ လုံခြုံအန္တရာယ်ကင်းရေးအတွက်  အခြားအကျဉ်းသားများနှင့် အတူမထားဘဲ သီးခြားခွဲထားနိုင်ရေး စီစဉ်လျက်ရှိနေသည်။

အခြားအကျဉ်းသားများရဲ့ အလွဲသုံးစားလုပ်ခြင်းကနေ ကာကွယ်ပေးနိုင်ရေးအတွက် သီးသန့်ခွဲထားဖို့ သင့်ကြောင်း တရားရေးဌာန အမြဲတမ်းအတွင်းဝန် ကော့ကစ်ကာစီဝီဝတ်က ပြောသည်။

စီမံချက်အတွက် အစမ်းလုပ်ဆောင်မှုတစ်ရပ်အဖြစ် မင်ဘူရီအကျဉ်းထောင်ကို LGBT များအတွက် အကျဉ်းထောင်အဖြစ် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ ပတ္တရားအကျဉ်းထောင်တွင် တရားရေးဝန်ကြီးဌာနတာဝန်ရှိသူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်သည့် အစည်းအဝေး၌ ကာစီဝီဝတ်က ပြောကြားခြင်းဖြစ်သည်။

ပြည်တွင်းနှင့် ပြည်ပ လူ့အခွင့်အရေးကွန်ရက်များက LGBT များအတွက် သီးခြားအကျဉ်းထောင် ထားရှိရန် တိုက်တွန်းကြကြောင်း ၎င်းက ပြောသည်။ လိင်ပြောင်းအကျဉ်းသားများအနေဖြင့် အမျိုးသားအကျဉ်းသားများနှင့် အတူထားရှိလျှင် အလွဲသုံးစားပြုမှုခြင်းများ ခံရခြင်းများ ရှိနေနိုင်သည်။ လိင်ပြောင်းထားသူများ အကျဉ်းကျပါက မှတ်ပုံတင်အရ အမျိုးသားအကျဉ်းထောင်များတွင်သာ ၎င်းတို့အား ထားရှိနေခြင်းလည်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် LGBT ဖြစ်ကြောင်း စာရင်းတွင် သဘောတူထားသည့် အကျဉ်းသားအကျဉ်းသူ ၄၄၄၈ ဦးရှိသည်။ မိန်းမချင်း လိင်ချစ်သူ အကျဉ်းသူ ၂၂၅၈ ဦး၊ ယောက်ကျားချင်း လိင်ဆက်ဆံသူ ၂၁၅၆ ဦးနှင့် လိင်ပြောင်းထားသူ ၃၄ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနအရသိရသည်။ LGBT အကျဉ်းသားဦးရေက စုစုပေါင်း အကျဉ်းသား သုံးသိန်းရှိသည့် ဦးရေ၏ တစ်ရာခိုင်နှုန်းရှိနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly