ဟီလာရီကလင်တန် သမ္မတဖြစ်ရေး အိုဘားမားကိုယ်တိုင် မဲဆွယ်ပေး

ဟီလာရီကလင်တန် သမ္မတဖြစ်ရေး အိုဘားမားကိုယ်တိုင် မဲဆွယ်ပေး

ဝါရှင်တန်၊ ဇူလိုင် ၆ ။              ။ အီးမေးလ်အရှုပ်တော်ပုံကြုံသော်လည်း အက်ဖ်ဖီအိုင်က ရာဇဝတ်မှု မမြောက်ဟု ဆုံးဖြတ်ခံရသည့် ဟီလာရီကလင်တန်အတွက် သမ္မတအိုဘားမားကိုယ်တိုင် သမ္မတဖြစ်ရေး ထောက်ခံမဲဆွယ်ပေးသည်။ အိုဘားမားက ယခင်သူ့အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟီလာရီ၏ ကိုယ်ရည်ကိုယ်သွေးကို အမွှမ်းတင်ချီးကျုးကာ သမ္မတအဖြစ် သူ့နေရာကို ဆက်ခံထိုက်သူဖြစ်ကြောင်း ထောက်ခံပြောဆိုသည်။

ဟီလာရီထံ ရာထူးကို လွှဲပြောင်းလိုမှု ယုံကြည်ချက်အပြည့်ရှိကြောင်း၊ မဲပေးပြည်သူများအနေဖြင့်လည်း နိုင်ငံအတွက် ပထမဆုံး စစ်ဦးစီးချုပ် အမျိုးသမီးကို ရွေးချယ်ဖို့လည်း တိုက်တွန်းကြောင်း အိုဘားမားက ဆိုသည်။

မြောက်ကာရိုလိုင်းနားတွင် လူထုစည်းဝေးပွဲ၌ “ကျွန်တော် ဒီကနေ့ ဒီကို ရောက်ရှိလာတာ ဘာကြောင့်လဲ။ ကျွန်တော် ဟီလာရီကို ယုံလို့ပဲ။”ဟု လက်သီးလက်မောင်းတန်းလျက် “ဟီလာရီ၊ ဟီလာရီ”ဟု အိုဘားမားက ဦးဆောင် ကြွေးကြော်ကာ မဲဆွယ်နေခဲ့ခြင်းဖြစ်သည်။

“အိမ်ဖြူတော်အတွက် ဟီလာရီလောက် အရည်အသွေးမှီသူ ဘယ်ယောက်ကျား မိန်းမမှ မမြင်မိပါ။”ဟု အိုဘားမားက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required