တောင်တရုတ်ပင်လယ်အရေးတွင် သည်ဟိတ်တရားရုံး စစ်ဆေးစီရင်ခြင်းကို ငြင်းလိုက်ပါက နှစ်နိုင်ငံကြား ဆွေးနွေးရန် အသင့်ရှိဟု ဖိလစ်ပိုင်ကို တရုတ်ပြော

တောင်တရုတ်ပင်လယ်အရေးတွင် သည်ဟိတ်တရားရုံး စစ်ဆေးစီရင်ခြင်းကို ငြင်းလိုက်ပါက နှစ်နိုင်ငံကြား ဆွေးနွေးရန် အသင့်ရှိဟု ဖိလစ်ပိုင်ကို တရုတ်ပြော

ပေကျင်း၊ ဇူလိုင် ၄ ။                 ။ ရေရှည်အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး လာမည့်သီတင်းပတ်၌ နိုင်ငံတကာတရားရုံး သည်ဟိတ်၏ စစ်ဆေးစီရင်မှုကို ဖိလစ်ပိုင်နိုင်ငံက ငြင်းဆန်ပါက တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် အသင့်ရှိကြောင်း နိုင်ငံပိုင်သတင်းက ဇူလိုင် ၄ ရက်တွင် ဖော်ပြသည်။

ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအငြင်းပွားနေမှုအား သည်ဟိတ် ခုံသမာဓိရုံးသို့ တင်ခဲ့ခြင်းဖြစ်ပြီး အမှုကို ဇူလိုင် ၁၂ ရက်တွင် စီရင်ဆုံးဖြတ်ဖွယ်ရှိသည်။

ဖိလစ်ပိုင်နိုင်ငံက တင်ခဲ့သည့် ယင်းအမှုတွင် တောင်တရုတ်ပင်လယ်ပြင်အတွင်း နှစ်စဉ် သင်္ဘောကုန်ကူးမှု အမေရိကန်ဒေါ်လာ ၅ ထရီယံရှိသည့် ပင်လယ်ပိုင်နက်အပါအဝင် တောင်တရုတ်ပင်လယ် ရေပြင်နယ်နမိတ်များစွာကို တရုတ်က သူပိုင်ပြုထားခြင်း ပါဝင်သည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အရေးတွင် သည်ဟိတ်တရားရုံးက စစ်ဆေးခြင်းသည် အပြည်ပြည်ဆိုင်ရာ တရားရေးရာကို မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း ငြင်းပယ်သည်

တောင်တရုတ်ပင်လယ်ပိုင်နက်အရေးတွင် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့နှင့် ပိုင်နက်အငြင်းပွားလျက်ရှိသည်။

သည်ဟိတ်တရားရုံးက ယင်းအမှုအား စစ်ဆေးခြင်းအတွက် တရားစီရင်ပိုင်ခွင့်မရှိကြောင်း ပြောလျက် တရုတ်က ငြင်းဆန်ပြီး နှစ်ဖက်နိုင်ငံကြား ဖြေရှင်းသွားရမည် ကိစ္စရပ်သာဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly