တောင်ကိုရီးယားတွင် ၈ ရက်အတွင်း ပထမဆုံးမားစ် လူနာသေဆုံး

တောင်ကိုရီးယားတွင် ၈ ရက်အတွင်း ပထမဆုံးမားစ် လူနာသေဆုံး

ဆိုးလ်၊ ဇူလိုင် ၈ ။      ။ မားစ်ရောဂါကြောင့် ၈ ရက်အတွင်း ပထမဆုံးမားစ်လူနာတစ်ဦး သေဆုံးကြောင်း တောင်ကိုရီးယားက ဇူလိုင် ၈ တွင် ထုတ်ပြန်ခဲ့ရာ သေဆုံးသူစုစုပေါင်း ၃၄ ဦးအထိရှိသွားဖြစ်သည်။

လွန်ခဲ့သည့် သုံးရက်အတွင်း ကူးစက်မှုအသစ်မရှိသေးပေ။ ထို့အပြင် မေလ ၂၀က ပထမဆုံးကူးစက်ခံရသူကို တွေ့ရှိပြီးနောက် ပိုင်း ယခုအချိန်အထိ ကူးစက်ခံရသူ စုစုပေါင်း ၁၈၆ ဦးအထိရောက်ရှိသွားပြီဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကူးစက်ခံရသူ ၁၈၆ ဦးအနက် ၁၁၉ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်သော်လည်း ၃၃ဦးမှာ ဆေးရုံတွင် ကုသနေရဆဲဖြစ်သည်ဟု ကျန်းမာရေးနှင့် သာယာဝပြောရေးဝန်ကြီးဋ္ဌာက ထုတ်ပြန်ခဲ့သည်။

မားစ်ရောဂါကို ၂၀၁၂က လူသားများတွင် ပထမဆုံး တွေ့ရှိခဲ့ပြီး မားစ်ဗိုင်းရပ်သည် ၂၀၀၃ခုနှစ်က ဖြစ်ပွားခဲ့သည် ဆားစ်ရောဂါ၏ ဗိုင်းရပ်နှင့် မျိုးရင်းတူညီသော ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။

မားစ်ရောဂါအတွက် ကာကွယ်ကုသဆေးမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly