ကော်ဖီဆိုင်တိုက်ခိုက်ခံရမှုအတွက် ဘင်္ဂလားဒေ့ရှ်က နှစ်ရက်တာ ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေညာ

ကော်ဖီဆိုင်တိုက်ခိုက်ခံရမှုအတွက် ဘင်္ဂလားဒေ့ရှ်က နှစ်ရက်တာ ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေညာ

ဒါကာ၊ ဇူလိုင် ၃ ။            ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်က ကော်ဖီဆိုင်အား အစ္စလာမ်မစ်စစ်သွေးကြွများစီးနင်းတိုက်ခိုက်မှုကြောင့် လူများစွာသေဆုံးခဲ့ရခြင်းအတွက် နှစ်ရက်တာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ကြေညာသည်။

ကော်ဖီဆိုင်စီးနင်းမှုအတွင်း ဓားစာခံဖမ်းဆီးထားသူ ၂၀ ဦး သတ်ဖြတ်ခံရကာ အများစုက နိုင်ငံခြားသားများဖြစ်သည်။ တိုက်ခိုက်မှုတွင် ရဲနှစ်ဦးသေဆုံးကာ ၃၀ ဒဏ်ရာရခဲ့သည်။

ကော်ဖီဆိုင်အား အကြမ်းဖက်စစ်သွေးကြွတို့က ၁၂ နာရီကြာ စီးနင်းထားခဲ့ရာ ဘင်္ဂလားဒေ့ရှ်ကွန်မန်ဒိုများက ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံ ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ရာ တိုက်ခိုက်ရေးသမား ခြောက်ဦးကို သုတ်သင်နိုင်ပြီး တစ်ဦးကို အရှင်ဖမ်းမိသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူနိုင်ငံခြားသားများမှာ အီတလီကိုးဦး၊ ဂျပန်ခုနစ်ဦး၊ အမေရိကန်တစ်ဦးနှင့် အိန္ဒိယတစ်ဦးတို့ဖြစ်သည်။

တိုက်ခိုက်မှုကို အိုင်အက်စ်တို့ ကျုးလွန်ခြင်းမဟုတ်ကြောင်း၊ သို့သော် နိုင်ငံတွင်း ဆယ်စုနှစ်ကျော်ကြာ ပိတ်ပင်ထားသည့် ဒေသတွင်းအကြမ်းဖက်အဖွဲ့တစ်ရပ်က ကျုးလွန်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ဇူလိုင် ၂ ရက်က ပြောသည်။

“ဒီတိုက်ခိုက်ရေးသမားတွေက မူဂျာဟီဒင်အဖွဲ့ဝင်တွေပဲဖြစ်တယ်။ သူတို့က အိုင်အက်စ်နဲ့ ချိတ်ဆက်မှုမရှိဘူး။”ဟု ဝန်ကြီး အဆက်ဒူဇာမန်ခန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly