တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်သော ဖွဲ့စည်းပုံတစ်ခုလိုအပ်ဟု နော်စီဖိုးရာစိန်ပြော

တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်သော ဖွဲ့စည်းပုံတစ်ခုလိုအပ်ဟု နော်စီဖိုးရာစိန်ပြော

ရန်ကုန်၊ ဇူလိုင် ၂ ။          ။ ပြုပြင်ပြောင်းလဲသော အုပ်ချုပ်ရေးစနစ်ဖြစ်စေရေးအတွက် တိုင်းရင်းသား ပြည်သူလူထုအနေဖြင့် တန်းတူညီမျှရေးနှင့် ဒီမိုကရေစီအပြည့်အဝရရှိရန် အာမခံချက်ပေးနိုင်သော ဖွဲ့စည်းပုံတစ်ခုလိုအပ်ကြောင်း ကရင်အမျိုးသားအစည်းရုံး ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောကြားလိုက်သည်။

ဇွန်လ ၂ရက်နေ့မနက်က အင်းယားလိတ်ဟိုတယ်တွင် နောက်ဆုံးနေ့အဖြစ် ပြုလုပ်ကျင်းပနေသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့UNA ၏ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာအခြေခံ မူများ ဆွေးနွေးပွဲတွင် နော်စီဖိုးရာစိန်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ယခုအချိန်က တိုင်းရင်းသားအားလုံးအတွက် အရေးကြီးတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အခုအစိုးရက ပြည်သူလူထုက ရွေးကောက်ထားတဲ့ အစိုးရဆိုပေမယ့် ပြည့်ဝတဲ့ ဒီမိုကရေစီအစိုးရမဖြစ်သေးဘူးဆိုတာ အားလုံးသိကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈အခြေခံဥပဒေအောက်မှာပဲ အုပ်ချူပ်နေတဲ့ အတွက်ကြောင့်ဖြစ်တယ်"ဟု ၎င်းက ဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် တစ်ခုတည်းမဟုတ်ပဲ ပြည်နယ်ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ခြင်းအားဖြင့် နိုင်ငံရေး ဆွေးနွေးရာတွင် များစွာအထောက်အကူဖြစ်စေမည်ဟုလည်း သူမကဆိုသည်။

"ဖက်ဒရယ်အစစ်မှာတော့ ဗဟိုဖွဲ့စည်းပုံနဲ့ ပြည်နယ်ဖွဲ့စည်းပုံဆိုပြီးရှိရမှာ ၊ပြည်နယ်တွေမှာလည်း သူတို့နယ်မြေ အခြေ အနေအရ ဖွဲ့စည်းပုံရေးဆွဲပြီး တော့မှ စီမံခန့်ခွဲအုပ်ချုပ် နိုင်မှာဖြစ်တယ်။ ဒါကြောင့်ဖက် ဒရယ်ပြည်ထောင်စု တိုင်းမှာ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရတယ်" ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ဒေါက် တာ တူးဂျာက ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပုံစံအရသာ ဖက်ဒရယ်ဖွဲ့စည်းပုံဖြစ်သော်လည်း အနှစ်သာရပိုင်းတွင် ပြည့်စုံမှုမ ရှိဟုလည်း ဒေါက်တာတူးဂျာကပြောသည်။

 ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပ ဆွေးနွေးခြင်းနည်းလမ်းများဖြင့် လုပ်ဆောင်သွားရန် ရှိကြောင်းသိရသည်။

UNA နှင့် တိုင်းရင်းသားလူမျိုးများရေးရာ စင်တာတို့က ၂၁ရာစုပင်လုံညီလာခံကျင်းပရာတွင် တိုင်းရင်းသားများအနေဖြင့် တူညီသောသဘောထားများကို တင်ပြဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပသော ယခုဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းယား လိတ်ဟိုတယ်တွင် ၃ရက်ကြာကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆွေးနွေးပွဲတွင် တိုင်းရင်းသားအဖွဲ့ အားလုံးငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်ရေးကိုလည်း အလေးထား ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly