တရုတ်တွင် ရှယ်ယာစျေးများ ဆက်လက်ကျဆင်းနေ

တရုတ်တွင် ရှယ်ယာစျေးများ ဆက်လက်ကျဆင်းနေ

ရှယ်ယာဈေးကျဆင်းနေခြင်းကို ပြန်လည်တက်အောင် ကြိုးစားနေလင့်ကစားတရုတ်နိုင်ငံ၏ အဓိကရှယ်ယာဈေးကွက်များ ဈေးများ ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။

ရှန်ဟိုင်းအညွန်းကိန်းတွင် အဖွင့်ဈေး၌ ၈ ရာခိုင်နှုန်းကျပြီး ရှယ်ယာဈေးက ဇွန်လကစတင်လျှင် တန်ဖိုးအားဖြင့် ၃၀ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။

ဇူလိုင် ၈ ရက်တွင် မှတ်ပုံတင်ရှိ ကုမ္ပဏီပေါင်း နောက်ထပ် ၅၀၀ က ဈေးများကျဆင်းလွန်းခြင်းကို ရပ်တန့်နိုင်ရေးအတွက် ရှယ်ယာအရောင်းအဝယ်များကို ရပ်ပစ်ရမည်ဖြစ်ကြောင်း ပြောလာသည်။

ရှယ်ယာကုန်သွယ်မှု ရပ်ထားသည့် ကုမ္ပဏီပေါင်းမှာ ၁၃၀၀ ဝန်းကျင်ရှိနေပြီဖြစ်ရာ တရုတ်နိုင်ငံ၏ အဓိက ရှယ်ယာဈေးကွက်ကြီး ၏ တစ်ဝက်နီးပါးပင်ဖြစ်သည်။

ရှယ်ယာဈေး အကြီးအကျယ်ကျဆင်းနေသည့် ဇူလိုင် ၈ ရက်ကို IG ဈေးကွက်မဟာဗျူဟာအကြီးအကဲ ချားလ်ဝတ်စတန်က ဆိုးဝါးသည့် ဗုဒ္ဓဟူးနေ့ဟုပင် ခေါ်ဝေါ်ထားသည်။

”ပထမဆုံးအကြိမ်အဖြစ်လည်း တရုတ်အာမခံစည်းကြပ်မှုကော်မရှင်က ဈေးကွက်တွင် အကြီးအကျယ် ရှယ်ယာဈေးများ ကျဆင်းနေခြင်း”ကို ဝန်ခံခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly