ဥပုသ်ထွက်လာသည့် အိုင်အက်စ်များ ညစာ စားသောက်ရာ အဆိပ်ခတ်ခံ၍ ၄၅ ဦးသေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတင်ရ

ဥပုသ်ထွက်လာသည့် အိုင်အက်စ်များ ညစာ စားသောက်ရာ အဆိပ်ခတ်ခံ၍ ၄၅ ဦးသေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတင်ရ

အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် အဆိပ်ခတ်ထားသည့် အစားအစာများ စားမိကာ အိုင်အက်စ်အစွန်းရောက် ၄၅ ဦးသေဆုံးပြီး ဒါဇင်များစွာ ဆေးရုံတင်ကုသခံ ခဲ့ရသည်။

ဥပုသ်ကအထွက် အိုင်အက်စ်အစွန်းရောက်များစားသောက်ရန် ပြင်ဆင်ပေးရသည့် အစားအစားများတွင် မိုဆူးလ်မြို့ လူငယ် တစ်ဦးက အဆိပ်ခတ်ခြင်းဖြစ်ပြီး အိုင်အက်စ်အဖွဲ့ဝင် ၄၅ ဦးသေဆုံးကာ တစ်ရာကျော်ထက်မနည်း ဆေးရုံတင်ခဲ့ရခြင်းဖြစ်ပြီး တစ်ချို့အဆိပ်မိသူများ၏အခြေအနေမှာ ဆိုးဝါးပြင်းထန်ကြောင်း အီရတ်ဒေသတွင်း သတင်းရင်းမြစ်များက ဇူလိုင် ၇ ရက်က ပြောသည်။

ယင်းဖြစ်ရပ်က မိုဆူးလ်တောင်ပိုင်း ဝါဒီဟာဂျာအရပ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းအရပ်ဒေသသည် အိုင်အက်စ်တို့၏ ရက်စက်မှုများကို ဒေသခံများက မကြာခဏဆိုသလို တွန်းလှန်ရင်ဆိုင်တတ်သည့် အရပ်ဖြစ်သည်။

အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အိုင်အက်စ်တို့ ဝင်စီးသိမ်းပိုက်ပြီးနောက်ပိုင်း ပဋိပက္ခ အကြမ်းဖက်မှု  များဖြစ်ပွား လျက်ရှိသည်။

စစ်သားနှင့် တိုက်ခိုက်မှုတွင် ကိုယ်တိုင်ပါဝင်လာသည့် အရပ်သားများ ပူးပေါင်းကာ နယ်မြေပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အိုင်အက်စ်တို့ကို တိုက်ခိုက်လျက်ရှိနေသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly