အမေရိကန်စစ်တပ်က လာမည့်နှစ်နှစ်အတွင်း စစ်သား ၄၀၀၀၀ ကို လျှော့ချကာ စစ်တပ်အရွယ်အစားကို လျှော့ချမည်ဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။
အဆိုပါ ကုန်ကျစရိတ်လျှော့ချရေးစီမံကိန်းအရ စစ်တပ်တွင်းရှိ အရပ်ဖက်ဝန်ထမ်း ၁၇၀၀၀ ကိုလည်း လျှော့ချသွားမည်ဖြစ်သည်။
ယခုနှစ်သီတင်းပတ်အတွင်း ကြေညာလာမည့် ယခုအစီအစဉ်ဖြင့် အမေရိကန်စစ်တပ်အင်အားသည် ၂၀၁၇ ခုနှစ်တွင် ၄၅၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
အမေရိကန်၏ စစ်အင်အားမှာ အီရတ်နှင့် အာဖဂန်နစ္စတန်တိုက်ပွဲများကြောင့် အင်အားများပြားပြီး ၂၀၁၂ ခုနှစ်အတွင်း ၅၇၀၀၀၀ ဝန်းကျင်အထိရှိခဲ့သည်။
အာဖဂန်မှ တပ်များရုပ်သိမ်းရေးစီမံကိန်းက ၂၀၁၆ ခုနှစ်တိုင်အောင် ကြန့်ကြာမှုဖြစ်ရာ လက်ရှိတွင် အာဖဂန်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၁၀၀၀၀ ဝန်းကျင် ရှိနေဆဲဖြစ်သည်။
အီရတ်တွင် အိုင်အက်စ်တို့နှင့် တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များကို ကူညီထောက်ပံ့ရေးအတွက် အမေရိကန်တပ်အင်အား ၃၅၀၀ ဝန်းကျင်ရှိနေသည်။
ဆီးရီးယားသူပုန်များကိုလည်း အိုင်အက်စ်တို့ကို တိုက်ခိုက်ရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင်များက လေ့ကျင့်သင်တန်းပေးလျက် ရှိနေသည်။
Ref: BBC