တောင်ကိုရီးယားမင်းသား ကင်ဆောင်မင်း ကိုယ့်ကိုကိုယ် သတ်သေရန် ကြိုးပမ်းပြီး နောက် ဦးနှောက်သေပြီး ကွယ်လွန်

တောင်ကိုရီးယားမင်းသား ကင်ဆောင်မင်း ကိုယ့်ကိုကိုယ် သတ်သေရန် ကြိုးပမ်းပြီး နောက် ဦးနှောက်သေပြီး ကွယ်လွန်

ဆိုးလ်၊ ဇွန် ၂၈ ။           ။ တောင်ကိုရီးယား မင်းသား ကင်ဆောင်မင်းသည် ဇွန် ၂၄ ရက်က ကိုယ့်ကိုကိုယ်သတ်သေရန် ကြိုးပမ်းခဲ့ပြီးနောက် ဦးနှောက်သေပြီး ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက သတင်း ထုတ်ပြန်သည်။

အသက် ၄၃ နှစ်အရွယ်ရှိ ကင်သည် ကိုယ့်ကိုကိုယ် သတ်သေရန် ကြိးပမ်းခဲ့ရာမှ သတိလစ် မေ့မြောသွားခဲ့ကြောင်းနှင့် ဆိုးလ်မြို့  St Mary ဆေးရုံရှိ ဆရာဝန်များက ကင်သည် ဦးနှောက်သေ သွားခဲ့ပြီဖြစ်ကြောင်း ဇွန် ၂၆ ရက်က ပြောကြားခဲ့သည်။

ကင်၏ မိသားစုသည် ကင်၏ ဆန္ဒအတိုင်း ၎င်း၏ ကိုယ်တွင်းအဂါၤများကို လှူဒါန်းခဲ့ကြောင်းနှင့် ကျောက်ကပ်၊ အသည်း၊ အူနှင့် မျက်ကြည်လွှာများကို ရယူရန် ကင်ကို ခွဲစိတ်မှုများပြုလုပ်ခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ပြောကြားသည်။

ကင်သည် မကြာသေးမီက မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ပြီး ဇွန်နဝါရီလက ထောင်မှ လွှတ်လာခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly