မလေးရှားနိုင်ငံ ပူချောင်ညစျေးရှိ နိုက်ကလပ်တွင် ပေါက်ကွဲမှုဖြစ်၊ ပထမဆုံးဘာသာစွဲ တိုက်ခိုက်မှုလားဟု အာဏာပိုင်များ စုံစမ်းနေ

မလေးရှားနိုင်ငံ ပူချောင်ညစျေးရှိ နိုက်ကလပ်တွင် ပေါက်ကွဲမှုဖြစ်၊ ပထမဆုံးဘာသာစွဲ တိုက်ခိုက်မှုလားဟု အာဏာပိုင်များ စုံစမ်းနေ

ကွာလာလမ်ပူ၊ ဇွန် ၂၈ ။             ။ မလေးရှားနိုင်ငံ ပူချောင်ညဈေး နိုက်ကလပ်တွင် ဇွန် ၂၈ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ရပ်ဖြစ်ရာ လူရှစ်ဦး ဒဏ်ရာရသည်။

ထိုပေါက်ကွဲမှုသည် ဂိုဏ်းအဖွဲ့အစည်းများကြောင့်လား၊ စီးပွားရေးပြိုင်ဆိုင်တိုက်ခိုက်မှုလား သို့မဟုတ် အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုလားဆိုသည့် ဖြစ်နိုင်ခြေမှန်သမျှအပေါ် စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း အထူးအကြမ်းဖက်တိုက်ဖျက်ရေးဌာနက စီအင်န်အေသတင်းဌာနသို့ ပြောသည်။

အစွန်းရောက်အဖွဲ့တစ်ရပ်က ကွာလာလမ်ပူမြို့တော်အတွင်း ပထမဆုံးဘာသာစွဲတိုက်ခိုက်မှု ကျုးလွန်လာခြင်းဖြစ်ကြောင်း ဖေ့ဘုတ်ပို့စ်တစ်ခုတွင် အတည်ပြုရေးသားချက်အပေါ်လည်း အာဏာပိုင်များက စုံစမ်းထောက်လှမ်းလျက်ရှိကြောင်း မလေးရှားရဲထောက်လှမ်းရေးအကြီးအကဲ ခါလစ်အဘူဘတ်ကာက နောက်ပိုင်း၌ ပြောကြားလာသည်။

"ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေကြပါတယ်။"ဟု အခြေအနေနှင့် ထူးမထူး မေးမြန်ရာ၌ ပြန်လည်ဖြေကြားခဲ့သည်။

ဒေသတွင်း အစောပိုင်းသတင်းများတွင် ပေါက်ကွဲမှုကို ရဲက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ထည့်မတွက်ဘဲ စီးပွားရေးပြိုင်ဆိုင်မှုကြောင့် တိုက်ခိုက်ခြင်းအဖြစ် ယူဆခဲ့ကြကြောင်း ဖော်ပြခဲ့သည်။

သို့သော် နောက်ပိုင်း နေ့လည်ပိုင်းသို့ ရောက်လာခဲ့ချိန်တွင် ဌာနနေသတင်းဌာနတစ်ရပ်က ဆီးရီးယားရှိ အိုင်အက်စ်တို့ဖက်က ဝင်တိုက်ခိုက်နေသည့် မလေးရှားနိုင်ငံသားတစ်ဦးနှင့် ချိတ်ဆက်ပတ်သက်မှုရှိနေသည်ဟု သိရသော Abu Hamzah Al-Fateh ဆိုသည့် ဖေ့ဘုတ်အကောင့်က ရေးသားချက်ပို့စ်ကို စကရင်ရှော့ခ်ဖြင့် ဖော်ပြခဲ့သည်။ သို့သော် ယင်းပို့စ်ကို ရှာမတွေ့ရပေ။

Abu Hamzah အကောင့်က junud khilafah wilayah milazia အဖွဲ့ဝင်နှစ်ဦးက မွတ်စလင်လမြတ်ကို မရိုသေကြသော ဒိဌိများဖြင့် ပြည့်နေသည့် နိုက်ကလပ်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ရေးသားထားပြီး မွတ်စလင်တို့အနေဖြင့် ယင်းကဲ့သို့သော နေရာမျိုးများမှ ဝေးဝေးနေကာ ပစ်မှတ်မဖြစ်အောင် ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းရေးသားထားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုက မိုဗီဒါနိုက်ကလပ်တွင် ဇွန် ၂၈ ရက် နံနက် ၂ နာရီခွဲဝန်းကျင်ကဖြစ်ပြီး ယင်းအချိန်က ကလပ်အတွင်း လူ ၂၀ ခန့် ယူရို ၂၀၁၆ စပိန်နှင့် အီတလီ ဘောလုံးပွဲစဉ်ကို ကြည့်ရှုအားပေးနေချိန် ပေါက်ကွဲခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly