ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ပါ၀င်မည့် ရုပ်ရှင်ဇာတ်ကား ၂၀၁၇ ခုနှစ်တွင် စတင်ရိုက်ကူးမည်

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ပါ၀င်မည့် ရုပ်ရှင်ဇာတ်ကား ၂၀၁၇ ခုနှစ်တွင် စတင်ရိုက်ကူးမည်
ဓာတ်ပုံ-သူရ
 

ရန်ကုန် ၊ ဇွန် ၂၈ ။                ။ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ သည် Myanmar Media 7 မှ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ဇွန်လ ၂၇ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဇွန်လ ၂၈ရက်တွင် Myanmar Media 7 ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို ရုပ်ရှင်ဇာတ်ကား အတွက် ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေ မှ ရေးသားပေးထားပြီး ဒါရိုက်တာ သြရသမှ ပုံဖော်ရိုက်ကူး သွားမည်ဖြစ်ကာ သရုပ်ဆောင် အကယ်ဒမီနေတိုး၊ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ နှင့် တခြား သရုပ်ဆောင်များလည်း ပါဝင်မည် ဖြစ်သည်။

Myanmar Media 7 မှ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား အတွက် Myanmar Media 7 ရုံးခန်းတွင် ဒါရိုက်တာ သြရသ၊ အကယ်ဒမီနေတိုး၊ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ၊ ခင်ဝင့်ဝါ၊ Myanmar Media 7 မှကိုဝေမင်းမောင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ထိုဇာတ်ကားကို ၂၀၁၇ခုနှစ် မတ်လတွင် စတင် ရိုက်ကူးသွားမည် ဖြစ်သည်။

ဗီယက်နမ်မင်းသမီး  ငုရင်ထရန်ဟုရန်မေ သည် ဇွန်လ၂၇ ရက် ညပိုင်းတွင် ရန်ကုန်သို့ရောက်ရှိလာခဲ့ပြီး ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံဘုရားကို သွားရောက်ခဲ့သည်။ နေ့လည်ပိုင်းတွင် ၎င်းပါဝင် သရုပ်ဆောင်မည့် ရုပ်ရှင် ဇာတ်ကားကြီး အတွက်  ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး အတွက် လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကာ မီဒီယာများနှင့်လည်း တွေ့ဆုံခဲ့သည်။

ထိုရုပ်ရှင် ဇာတ်ကားကြီးကို၂၀၁၇ မတ်လ ၁ရက်တွင် ရန်ကုန်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ရိုက်ကူး သွားမည်ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကား နှင့် ပတ်သက်ပြီး ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗီယက်နမ်မင်းသမီး  ငုရင်ထရန်ဟုရန်မေ သည်  ဇွန်လ ၃၀ရက် နေ့လည်လေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly