မလေးရှားမှာ ယူရိုဘောလုံးပွဲကြည့်နေစဉ် လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်၊ လူ (၈) ဦး ဒဏ်ရာရ

မလေးရှားမှာ ယူရိုဘောလုံးပွဲကြည့်နေစဉ် လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်၊ လူ (၈) ဦး ဒဏ်ရာရ
ရင်းမြစ်နှင့် ဓာတ်ပုံ - အီးပီအေ

ဇွန်လ (၂၈) ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ နိုက်ကလပ်တစ်ခုမှာ လူအများအပြား ယူရို ၂၀၁၆ ပြိုင်ပွဲ ဘောလုံးပွဲစဉ် ကြည့်ရှုနေစဉ် ထိုနေရာသို့ လက်ပစ်ဗုံးတစ်လုံး ပစ်ချခံရပြီး   ပေါက်ကွဲမှုကြောင့်   အနည်းဆုံး လူ (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားပါတယ်။

ဒေသစံတော်ချိန် မနက်ပိုင်း (၂း၁၅) နာရီက ခန့်မှန်းခြေ လူ (၂၀) ဦးခန့်က ဘားတစ်ခုမှာ စပိန်-အီတလီ ပွဲစဉ် ကြည့်ရှုနေပြီး နောက်လာမယ့် အင်္ဂလန်-အိုင်စလန်ပွဲစဉ်ကို စောင့်ဆိုင်းနေစဉ်အတွင်း   ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုရဲ့ အကြောင်းအရင်းကို ဆုံးဖြတ်နိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း The Star သတင်းစာက ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုဟာ ပုဂ္ဂိုလ်ရေး ကလဲ့စားချေမှု သို့မဟုတ် ထိုနေရာအတွင်းရှိ ဂိုဏ်း နှစ်ခုအကြား ပြိုင်ဆိုင်မှုဖြစ်စဉ်နှင့်် ပတ်သတ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ Abdul Rahim Jaafar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly