အမေရိကန်က စက်ရုပ်တိုက်ပွဲဆင်နွဲရန် ဂျပန်ကို စိန်ခေါ်

အမေရိကန်က စက်ရုပ်တိုက်ပွဲဆင်နွဲရန် ဂျပန်ကို စိန်ခေါ်

ရိုဘော့စက်ရုပ်ကြီးများ၏ ဗားရှင်းမြင့်တင်ရေး ရန်ပုံငွေအနေဖြင့် ပြီးခဲ့တဲ့နှစ်က Kickstarter ကမ်ပိန်းလှုံ့ဆော်မှုကနေ MegaBot USA နည်းပညာကုမ္ပဏီက ဒေါ်လာ ၁ ဒသမ ၈ သန်းကို ရန်ပုံငွေတည်ထောင်ခဲ့သည်။

လက်ရှိကာလတွင် ယင်းကုမ္ပဏီကြီးက ပြိုင်ပွဲဝင်နိုင်သည့် လူသားသဏ္ဍန်စက်ရုပ်အကြီးစားကို တီထွင်ထားနိုင်ပြီး ကမ္ဘာတွင် အကြီးစားစက်ရုပ်ထုတ်လုပ်သည့် ဂျပန်က Kuratas Mecha ကုမ္ပဏီကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စက်ရုပ်ချင်း ယှဉ်ပြိုင်ကြရန် စိန်ခေါ်လိုက်သည်။

စိန်ခေါ်မှုကို Kuratas ကုမ္ပဏီတည်ထောင်သူကလည်း လက်ခံလိုက်ပြီဖြစ်၍ စက်ရုပ်ချင်း ယှဉ်ပြိုင်ပွဲကို လာမည့်နှစ်  ဇူလိုင်လခန့် တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပသည့်အခါ စက်ရုပ်ထိန်းချုပ်မောင်းနှင်သည့်အဖွဲ့က စက်ရုပ်အသီးသီးကို ထိန်းချုပ်ကာ ယှဉ်ပြိုင်ကြမည်းဖြစ်သည်။ ယင်းစက်ရုပ်တွင် ထိမှန်လျှင် ဆေးစွန်းထင်နိုင်မည့် အမြောက်သေနတ်များ တပ်ဆင်ပေးကာ တိုက်ပွဲဝင်ကြမည်ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly