အိုက်စလန်ကို ရှုံးပြီးနောက် အင်္ဂလန်နည်းပြ ရွိုင်ဟော့ဒ်ဆန် ရာထူးမှ နှုတ်ထွက်

အိုက်စလန်ကို ရှုံးပြီးနောက် အင်္ဂလန်နည်းပြ ရွိုင်ဟော့ဒ်ဆန် ရာထူးမှ နှုတ်ထွက်
(ဓာတ်ပုံ - အီးပီအေ)

အင်္ဂလန် လက်ရွေးစင်နည်းပြ ရွိုင်ဟော့ဒ်ဆန်ဟာ ယူရို ၂၀၁၆ ရှုံးထွက်ပွဲမှာ အိုင်စလန်ကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်တဲ့ ပွဲအပြီးမှာပဲ ချက်ချင်း နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

ရွိုင်ဟော့ဒ်ဆန် (၆၈) နှစ်ဟာ အီတလီနိုင်ငံသား နည်းပြ ကာပယ်လိုနေရာမှာ (၂၀၁၂) ခုနှစ်က အစားထိုး တာဝန်ယူခဲ့တာဖြစ်ပြီး နည်းပြ သက်တမ်း (၄) နှစ်အတွင်း အဓိကပြိုင်ပွဲကြီးတွေမှာ မှတ်တမ်းကောင်း မရရှိခဲ့ပဲ ပြိုင်ပွဲကြီး (၃) ရပ်ရဲ့ (၁၁) ပွဲမှာ (၃) ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

"ဒီလို ပုံစံမျိုးနဲ့ အဆုံးသတ်မယ်လို့ ထင်မှတ်မထားပေမယ့်လဲ ဖြစ်လာခဲ့တဲ့အတွက် ကျနော် စိတ်မကောင်းပါဘူး"လို့ ဟော့ဒ်ဆန်က ပြောပါတယ်။

ဟော့ဒ်ဆန်ဟာ အင်္ဂလန်အသင်းကို (၅၆) ပွဲ ကိုင်တွယ်ရာမှာ (၃၃) ပွဲ အနိုင်ရရှိပြီး ယူရို ၂၀၁၆ ပြိုင်ပွဲအပြီး စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့အတွက် သက်တမ်းတိုးမယ့် အစီအစဉ်ရှိခဲ့ပါတယ်။

ရွိုင်ဟော့ဒ်ဆန်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အီတလီကို ပင်နယ်တီနဲ့ ရှုံးခဲ့သလို ၂၀၁၄ ကမ္ဘာ့ဖလားမှာလည်း နိုင်ပွဲတစ်ပွဲမရပဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ လီဝန်တန်တို့လည်း သူတို့ရဲ့ ရာထူးကနေ နှုတ်ထွက်မှာဖြစ်ကြောင်း အိုင်စလန်နဲ့ပွဲအပြီး ရွိုင်ဟော့ဒ်ဆန်က အတည်ပြု ပြောကြားပါတယ်။

ရင်းမြစ် - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly