လက်ရှိချန်ပီယံ စပိန်ကို ရှုံးထွက်အဆင့်မှာ ချန်ထားနိုင်ခဲ့တဲ့ အီတလီ

လက်ရှိချန်ပီယံ စပိန်ကို ရှုံးထွက်အဆင့်မှာ ချန်ထားနိုင်ခဲ့တဲ့ အီတလီ
(ဓာတ်ပုံ - ယူရို ၂၀၁၆)

အီတလီက လက်ရှိချန်ပီယံ စပိန်ကို ရှုံးထွက်အဆင့်မှာ ထွက်ခွာစေခဲ့ပြီး ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အီဒါရဲ့ ဖရီးကစ် ကန်ချက်ကို ဒီဂီယာ ကာကွယ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ပွဲချိန် (၃၃) မိနစ်မှာ ချီလီနီက ပိတ်သွင်းပြီး ပထမပိုင်းမှာ အီတလီက အကောင်းဆုံး ခြေစွမ်းနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ စပိန်တို့ ချေပဂိုး ရရှိနိုင်မယ့် မိုရာတာရဲ့ ခေါင်းတိုက်ချက် လွှဲချော်ခဲ့သလို အခြားတစ်ဖက်မှာလဲ အီဒါရဲ့ ဂိုးကန်ချက် ဒီဂီယာ ကာကွယ်ခဲ့ပါတယ်။ စပိန်ရဲ့ အပိုင်ကန်သွင်းချက်တွေကိုလည်း အီတလီဂိုးသမား ဘူဖွန် ကာကွယ်နိုင်ခဲ့ပါသေးတယ်။

အီတလီတို့ နောက်တစ်ဂိုး မသွင်းခင်အထိ စပိန်အသင်းက ဖိအားပေးထားနိုင်ခဲ့ပေမယ့် (၉၀+၁) မိနစ်မှာ ပယ်လေက နောက်ကျဂိုး သွင်းယူခဲ့ပြီး (၂) ဂိုးပြတ်နဲ့ စပိန်ကို အနိုင်ရရှိခဲ့ပါတယ်။

စပိန်အသင်းကို ၂၀၁၂ ခုနှစ်က ဗိုလ်လုပွဲရှုံးကြွေးကို အီတလီ ပြန်ဆပ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဂျာမနီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပွဲပြီးရလဒ်

အီတလီ ၂-၀ စပိန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly