ဘီယွန်ဆေး၏ ကိုယ်ခန္ဓာကောက်ကြောင်း အလှကို အခြေခံ၍ ဗိသုကာ ကုမ္ပဏီ တစ်ခုက မိုးပျံအဆောက်အအုံ ဒီဇိုင်း ဖန်တီး

ဘီယွန်ဆေး၏ ကိုယ်ခန္ဓာကောက်ကြောင်း အလှကို အခြေခံ၍ ဗိသုကာ ကုမ္ပဏီ တစ်ခုက မိုးပျံအဆောက်အအုံ ဒီဇိုင်း ဖန်တီး

မဲလ်ဘုန်း၊ ဇူလိုင် ၇ ။      ။ ကမ္ဘာ့ဂီတ နယ်ပယ်တွင် အမေရိကန် အဆိုတော် ဘီယွန်ဆေး၏ အောင်မြင်မှှုမှာ မြင့်မား လှသော မိုးပျံအဆောက်အအုံ တစ်ခုကဲ့သို့ ထင်ရှားပြီးသား ဖြစ်သည်။

ယခုအခါတွင် ဗိသုကာ ကုမ္ပဏီ တစ်ခုက ဘီယွန်ဆေး၏ ကိုယ်ခန္ဓာကောက်ကြောင်းအလှကို အခြေခံကာ မိုးပျံအဆောက်အအုံ တစ်ခု တည်ဆောက်ရန် ဒီဇိုင်းဖန်တီးလိုက်ပြီ ဖြစ်ရာ ဘီယွန်ဆေး၏ ကိုယ်ခန္ဓာကောက်ကြောင်း သည် မိုးပျံအဆောက်အအုံ တစ်လုံး ဖြစ်လာပေတော့မည်။

သြစတြေးလျ ဗိသုကာ ကုမ္ပဏီ Elenberg Fraser သည် မဲလ်ဘုန်းတွင် မိုးပျံအဆောက်အအုံ တစ်ခု တည်ဆောက်ရန် ဂီတစူပါ ကြယ်ပွင့် ဘီယွန်ဆေး၏ ကိုယ်ခန္ဓာကောက်ကြောင်းကို အခြေခံကာ အဆောက်အအုံ ဒီဇိုင်း ဖန်တီးထားခြင်း ဖြစ်သည်။

ဘီယွန်ဆေး၏ Ghost ဂီတ ဗီဒီယိုကို အခြေခံ၍ ထိုစိတ်ကူး ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း Elenberg Fraser ကုမ္ပဏီက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို ၇၈ ထပ် အဆောက်အအုံကို မဲလ်ဘုန်းရှိ Southern Cross ရထားဘူတာရုံအနီးတွင် တည်ဆောက်သွားမည်ဖြစ်ကာ လူနေ အိမ်ခန်းများ၊ ဆိုင်ခန်းများနှင့် ဟိုတယ်ခန်းများ ပါဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly