ရာဘာပြည်ပတင်ပို့မှုတက်လာဖို့ အစိုးရပံ့ပိုးမှုသာမက ခြံရှင်များဘက်ကလည်း အရည်အသွေးမှီဖို့လိုပါတယ်

ရာဘာပြည်ပတင်ပို့မှုတက်လာဖို့ အစိုးရပံ့ပိုးမှုသာမက ခြံရှင်များဘက်ကလည်း အရည်အသွေးမှီဖို့လိုပါတယ်

ဦးမျိုးသန့် (ဒုတိယဥက္ကဋ္ဌ) မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း

ဒီ ၂၀၁၆ ခုနှစ်ကနေပြီးတော့ ယခုအချိန်ထိ ကမ္ဘာ့ ရာဘာဈေးကွက်အပေါ်မှာ မြန်မာ့ ရာဘာဈေးကွက်က ထူးထူးခြားခြား ဘာတွေဖြစ်နေပြီလဲဆိုတာ အဲဒါလေး အရင်ပြောပြပါလား။

အမှန်တော့ သမီးပြောတာ ကမ္ဘာ့ရာဘာ မြန်မာ့ရာဘာဆိုပြီးတော့ ရာဘာဈေးကွက်ဆိုတာ အတူတူပဲ သမီး။ ကမ္ဘာကကျလို့ မြန်မာကလိုက်ကျတာပေါ့။ ကမ္ဘာမှာတက်ရင် မြန်မာမှာလည်း လိုက်တက်တယ်။ ဒါပေမယ့် တစ်ခုတော့ရှိတာက ဦးတို့နိုင်ငံအနေနဲ့ အားသာချက်တစ်ခုကတော့ တရုတ်ပြည်နဲ့ နီးတယ်။ အခုချိန်က ရာဘာသုံးစွဲမှုအများဆုံးက တရုတ်ပြည်လို့ ထင်တယ်ပေါ့နော်။ ဟုတ်လည်းဟုတ်ပါတယ်။ ဒီ တရုတ်ပြည်ရဲ့ စွဲအားက လွယ်လွယ်ကူကူ ဒီနားက အထူးသဖြင့် နယ်စပ်က သွားနေတဲ့အခါမျိုးမှာ မြန်မာနိုင်ငံရဲ့ ရာဘာက သူများနိုင်ငံထက် ဈေးပိုရနေတယ်လို့ ယူဆရတယ်။ ဒီအခွင့်အရေးမျိုးကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဗီယက်နာမ်မှာလည်း ဦးတို့ သတိထားမိတယ်ပေါ့။ ဗီယက်နာမ်က ရာဘာကကမ္ဘာ့ရာဘာမှာ ပိုဈေးရနေသလိုပဲ ဒါပေမယ့် နဲနဲလေးတော့ ပိုရနေတယ်။ အများကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့လိုရတဲ့အတွက်က ထိုင်းတို့ ဘာတို့ဆိုရင် ဒီကို ရာဘာတွေက ဝင်လာချင်တယ်။ တကယ်ကျတော့ သူတို့က သယ်ယူပို့ဆောင်ရေး စရိတ်တွေ ရှိတဲ့အတွက်ကြောင့် ဝင်လာချင်တယ်လို့ ယူဆရတယ်ပေါ့။ အဲဒါကလည်းအတိအကျတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ အလားအလာကို ပြောပြတာ။ အဲတော့ ခြုံပြောရရင် ဦးတို့အနေနဲ့ အိန္ဒိယတို့ဘာတို့ ဘေးနိုင်ငံတော်တော်များများက ဝယ်ချင်လို့ လာတယ်ပေါ့။ မကြာမကြာ ဦးတို့ ဒီ မက်ဆေ့တို့ အီးမေးလ်တို့ကနေ မေးတဲ့အခါမှာ ဦးတို့ရနေတဲ့ ရာဘာဈေးကိုကြည့်ပြီး သူတို့ အံ့သြတယ်။ သူတို့တွေ အဲလောက်မရဘူးပေါ့နော်။ အဲအခါမှာ ဦးက ပြန်သုံးသပ်တယ်။ ဘာကြောင့် ပိုရသလဲဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်က ဗီယက်နာမ်ကိုသွားသတိရမိတယ်။ ဒီအချိန်မှာလည်း တရုတ်ပြည်ကြောင့် ပိုရနေသလားပေါ့။ ဒါမှမဟုတ် တရုတ်ပြည်စီးပွားရေးက ဒီအချိန် မကောင်းဘူးပေါ့။ ကောင်းတဲ့အချိန်တော့ ပိုရတာပေါ့။ ဒါပေမယ့် တကယ့်တကယ် အသုံးများဆုံး ဈေးကွက်က တရုတ်ပြည်ဖြစ်နေတဲ့အတွက် တရုတ်ပြည်ဈေးကွက်က အလျော့တွက် မရပါဘူး။

ဟုတ်ကဲ့ပါရှင့်။ အခု ဦးမျိုးသန့်ပြောသွားတဲ့အထဲမှာပေါ့ နိုင်ငံခြားပို့ကုန်က တရုတ်ပြည်က အဓိက ဖြစ်နေတာပေါ့နော်။ အဲ့လိုလား။ နောက်ထပ် ဈေးကွက်အသစ်ရှာဖို့ကော လုပ်ဆောင်နေတာမျိုးကော ရှိလား။

အဓိကကတော့ တရုတ်ပြည်ရဲ့ ဈေးကွက်ကတော့ အများဆုံးဖြစ်နေတယ်။ ပြောကြေးဆိုရင် ၂၀၀၈ တုန်းက ကမ္ဘာ့ ခရိုက်စစ် ဖြစ်တော့ စီးပွားရေး Crisis က အမေရိကန်က ဘဏ်တွေက စပြီးတော့ ဖြစ်တဲ့အချိန်မှာ ဒါနဲ့ပတ်သက်ပြီးတော့ သတိရလို့ ပြောပြတာပါ။ ဘာဖြစ်လဲဆိုတော့ အဲအချိန်မှာ ရာဘာဈေးက ထိုးကျသွားတယ်။ ထိုးကျတော့ ဘယ်လောက်ထိ ထိုးကျသလဲဆိုရင် ၁၁၀၀ ထိ ထိုးကျဖူးတယ်။ ၁၁၀၀ ထိ ထိုးကျပြီးတော့ ဘယ်အခါ ပြန်တက်လဲဆိုတော့ ၂၀၁၁ ပေါ့။ ၂၀၀၈ မှာ ၁၁၀၀ ဖြစ်သွားပြီးတော့ ၂၀၁၁ မှာ ၆၀၀၀ ကျော်သွားတယ်။ အံ့သြဖို့ကောင်းတယ်။ အဲဒါ ဘာနဲ့သွားတိုက်ဆိုင်လဲဆိုတော့ တရုတ်ပြည်က စီးပွားရေးအတက်နဲ့ သွားတိုက်ဆိုင်တော့ ထိုးတက်သွားတာပေါ့။ အဲတုန်းက တရုတ်ပြည်တစ်ခုတည်းဟုတ်သလားဆိုတော့လည်း တခြားဈေးကွက်အနေနဲ့ ဒီရာဘာအသင်းအနေနဲ့ကော ဈေးကွက်ကတော့ ရှာနေရမှာပဲ။ အရင် တစ်ပတ် နှစ်ပတ်ကပဲ ကိုရီးယားကလာတယ်ပေါ့။ သူတို့ ဝယ်မယ်ဆိုတဲ့သဘောပေါ့။ မကြာမကြာလည်း ဝယ်မယ်ဆိုတဲ့ကုန်သည်တွေက လာလာစပ်တယ်ပေ့ါနော်။ ဘယ်သူနဲ့တည့်တည့် ဦးတို့က အရေးကြီးတာက ရာဘာရောင်းထွက်ဖို့ များများရောင်းထွက်ဖို့က အရေးကြီးတာပါ။

ဟုတ်ကဲ့ပါ။ အဲတော့ ဘာတွေအခက်အခဲရှိလဲ၊ ဘာတွေကော လိုအပ်ချက်တွေရှိလဲရှင့်။ အဓိက တောင်သူတွေရဲ့ အခက်အခဲပေါ့ အဲဒါလေးလည်း ပြောပြပေးပါဦး။

ခြံရှင်တွေကတော့ နံပါတ်တစ်က သူတို့ ရင်တုန်းက အစဉ်အဆက်ကတော့ ဒါ ခေတ်တွေ ပြန်မလှန်တော့ပါဘူး။ ရာဘာ Quality မကောင်းဘူး။ Quality ကောင်းအောင်လုပ်တယ်။ သူတို့က Quality ကောင်းအောင် လုပ်တဲ့အချိန်မှာ တော်တော်များများတော့ ပါလာတယ်။ Quality ကောင်းအောင်လုပ်ဖို့ နည်းပညာတွေကတော့ တော်တော်များများ အသင်းအနေနဲ့ ပေးနိုင်တယ်ပေါ့နော်။ အသင်းတွေက ပေးတဲ့အခါမှာ ဈေးမကောင်းတဲ့အခါကျတော့ စိတ်ပျက်တာမျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကြိုးစားတယ်။ ဒါပေမယ့် ခေတ်ကိုက မပေးဘူးဖြစ်နေတယ်။ ဒီအချိန်မှာ ဘာဖြစ်လို့လဲဆိုတော့ ရာဘာဈေးတွေက ထိုးကျနေတယ်။ သူတို့လုပ်လို့လည်း မပါတဲ့ အချိန်မျိုးမှာပေါ့ ဒါပါပဲ ရာဘာဈေးကောင်းလာတဲ့အချိန်မှာတော့ ခြံရှင်ငယ်လေးတွေက အဆင်ပြေသွားမှာပါ။   နောက်တစ်ချက်က ခြံရှင်ငယ်လေးတွေရဲ့ ပြဿနာက ဘာလဲဆိုတော့ ခြံကြီးသမားတွေနဲ့ မတူတာက သူတို့မှာက Quality တက်ဖို့ဆိုတာက နံပါတ်တစ်အနေနဲ့ ထုတ်လုပ်ပုံအဆင့်ဆင့် မှိုင်းကန်ရုံတည်ဆောက်ရမယ်။ မှိုင်းကန်ရုံရှိမှပဲ ဆိုကျပါစို့ မှိုင်းကန်ရုံကောင်းကောင်းရှိမှ အဆင့်မှီမယ်ပေါ့နော်။ သရီးတို့ ဝမ်းတို့ အခုဟာက ခြံရှင်ငယ်လေးတွေရဲ့ ဘဝက RSS 5 ပေါ့။ မှိုင်းကန်ရုံအဆင့် ငါးလောက်ပဲ သူတို့ဖြစ်နိုင်တယ်။ သူတို့ကို ဖြစ်စေချင်တာ ဝမ်းလောက်ကို ဖြစ်စေချင်တာ။ အခုဆိုရင် ကမ္ဘာမှာ တောင်းဆိုနေတာက ဘိတ်ဆုံးကအသင်းကိုလာတယ်။ RSS 1 မှ လိုချင်တာမျိုးပေါ့နော် အခု ပြည်တွင်းမှာလည်း ရန်ကုန်တာရာတို့ ဘာတို့ကလည်း ဝယ်ချင်တယ်။ ဝမ်းမှ ဆိုတာမျိုးပေါ့။ အဲတော့ ဦးတို့က ဖိုက်အဆင့်ရောက် ခြံငယ်ရှင်တွေကို ဆွဲတင်ဖို့ဆိုတာက သူတို့ ကုန်ကြမ်းကတော့ ဒါကို အခါတိုင်း သူတို့သုံးနေကျ ဆာလဖျူရစ် အက်ဆစ်အစား ဖောမက်အက်ဆစ် သုံးပါဆိုတာမျိုး ဟိုမှာလည်း နယ်မှာလည်း အဲလိုပဲ ဦးတို့စည်းရုံးထားတဲ့ တချို့ရှိပါတယ်။ ဝယ်ယူသူတွေကလည်း အားပေးတယ်။ ဖောလစ်အက်ဆစ်သုံးကြပါ။ သူတို့ ဈေးပိုပေးမယ်ဆိုတာမျိုးတွေပေါ့။ ဖောလစ်အက်ဆစ် သုံးနိုင်ပြီထား မှိုင်းကန်ရုံမှာ ပြဿနာတက်တယ်။ မှိုင်းကန်ရုံဆိုတာက ခြံကြီးသမားတွေအတွက်က သိန်း ၁၀၀ လောက် ကုန်မယ်ပေါ့နော်။ ခြံငယ်ရှင်တွေအတွက်က သိန်း ၁၀၀ ဆိုတာ တော်တော် ခက်ခဲနေတယ်။ အဲတော့ သူတို့ ဘာတွေလုပ်နေလဲဆိုတာက အောက်က တနင်္သာရီတိုင်းတို့ မွန်ပြည်နယ်တို့မှာတော့ အကုန်လုံး တန်းဝယ်ပြီးတော့ သမဝါယမစနစ်ဆိုပြီး လုပ်နေကြတယ်။ အောင်မြင်ပါလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တချို့ ခြံငယ်ရှင်တွေ ဆိုတာကလည်း ဝေးလံတဲ့ သူတို့ မှိုင်းရုံကြီးအဆင့် ရောက်ဖို့ဆိုတာကလည်း နဲနဲတော့ ကြိုးစားရလိမ့်မယ်။

နောက်တစ်ခုပေါ့နော်။ ဒီအသင်းကနေပြီးတော့ တောင်သူတွေနဲ့ လုပ်ငန်းရှင်တွေပေါ့နော်။ ရာဘာစိုက်ပျိုးတဲ့ လုပ်ငန်းရှင်တွေကို ဒီလုပ်ငန်းစဉ်တွေ ဒီထက် တိုးမြင့်ဖို့အတွက်ကော ဘာတွေလုပ်နေလဲ။ အသင်းအနေနဲ့။

နံပါတ်တစ်က အထွက်ကောင်းအောင် လုပ်ရမယ်။ အထွက်ကောင်းမှ ဆိုကြပါစို့ တစ်ဧကကို လူတစ်ယောက်ပဲ သုံးမယ်ဆိုပါစို့ အဲ့ဒီလူက ကိုယ့်ကို ပေါင်လေးရာပဲ ပေးမလား ပေါင် နှစ်ထောင်ပေးမလား ကုန်ကုန်ပြောရမယ်ဆိုရင်ပေါ့။ ပေါင်း လေးရာပဲ ပေးနိုင်မယ်ဆို ပေါင်လေးရာက ခြံရှင်အတွက်ပဲ။ ပေါင်နှစ်ထောင်ပေးလိုက်ရင် သူတို့ကို ဒီ Skillful အလုပ်သမားတစ်ယောက်ပေါ့လေ သူတို့ကို ပေါင် တစ်ထောင် ပြန်ပေးဖို့ဆိုတာက ဦးတို့အတွက် ဝန်မလေးဘူး။ ဒါက ခြံရှင်ကြီးတစ်ယောက်က မျိုးကောင်းကောင်း စိုက်ခြင်တဲ့ ရည်ရွယ်ချက်ပေါ့နော်။ ခြံငယ်ရှင်တွေလည်း ဒီလိုပဲ သူတို့ မိသားစုလိုက်ကတော့ ခြံတွေမှာ ကိုယ့်ဘာသာကိုယ် လုပ်ကြမယ်။ ဒါပေမယ့် သူတို့မိသားစုက တစ်နေ့တာလုပ်လိုက်လို့ ပေါင်လေးရာယူမလား၊ ပေါင်နှစ်ထောင်ယူမလား၊ အဲတော့ ပေါင်နှစ်ထောင်တော့ ယူချင်ကြမှာပဲ အဲလိုဖြစ်ဖို့က ဦးရဲ့ နံပါတ်တစ် ရည်ရွယ်ချက်ပဲ။ အဲလိုဖြစ်ဖို့က မျိုးအတွက် ဘာညာဆိုပြီး ဦးတို့ ရည်ရွယ်ပြီးတော့ Workshop တွေ အသီးသီး လုပ်တာပေါ့နော်။ မျိုးဦးစားပေးလုပ်လာပြီး ကဲထားပါတော့ မျိုးကတော့ တော်တော်များများလည်း သဘောပေါက်လာပါပြီ။ မကောင်းတဲ့မျိုး မသင့်တဲ့မျိုးဆိုရင်လည်း အသင်းအနေနဲ့ တော်တော်များများ ကန့်ကွက်လာပြီပေါ့နော်။ အခုဆိုရင်တော့ တော်တော်များများက သိလာကြပြီး။ ခြံရှင်ငယ်တွေကော ခြံရှင်တော်တော်များများကပေါ့လေ။ နံပါတ်နှစ်က အထွက်ကောင်းပြီထား အထွက်ကောင်းပြီးတော့ မှိုင်းကန်ပြား ထုတ်ကြတာကို မှိုင်းကန်ပြားကို RSS ဝမ်း၊ တူး၊ သရီး၊ ဖိုး၊ ဖိုက်ပေါ့နော် အဲတော့ ဦးတို့က ရည်ရွယ်တာက ဖိုက်နဲ့ ဝမ်းနဲ့က ဆိုကြပါစို့ ကုန်ကျစရိတ် ဘာညာတွေက ကျပ် ၅၀ ပဲကွာမယ်။ ဒါပေမယ့် ရောင်းရတဲ့အခါကျ ကျပ် ၁၀၀ ကွာသွားပြီဆိုလို့ရှိရင် ကျပ် ၅၀ ကိုယ့်အတွက် ရလိုက်သလိုပါပဲ။ အဲတော့ ဒီလိုပိုရအောင် ဦးတို့က အရည်အသွေးကို တင်ဖို့က ဒုတိယ ရည်ရွယ်ချက်ပေါ့နော်။ အဓိကက နှစ်ချက်ပဲ သမီးရဲ့ နံပါတ်တစ်က အထွက်ကောင်းရမယ်။ နံပါတ်နှစ်က ထွက်လာတဲ့ ရာဘာအရည်အသွေးကို မြင့်ရမယ်။

ဒီနေရာမှာ အစိုးရကရော ဈေးကွက်ကို ဖန်တီးပေးဖို့လိုလား။ အဲလို ဖန်တီးပေးလိုက်ရင်ရော မြန်မာ့ရာဘာဈေးကွက် ဘယ်လိုမျိုး အပြောင်းအလဲတွေ ဖြစ်သွားနိုင်လဲရှင့်။

အစိုးရက ဈေးကွက်ဖန်တီးပေးတယ်ဆိုတော့ တော်တော်များများလည်း အစိုးရက ကူညီနေပါတယ်။ သူ့မှာလည်း လုပ်နေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက လာလို့ရှိရင် ရာဘာအသင်းကို တိုက်ရိုက် ချိတ်ပေးတာမျိုးရှိတယ်။ အရင်တစ်ပတ်ကဆို ကိုရီးယားက investors တွေ လာလို့ရှိရင် ဝယ်မယ့်အစီအစဉ်ကနေ စည်းရုံးပြီးတော့ ဦးတို့အသင်းကို ချိတ်ပေးတာမျိုး ရှိပါတယ်။ အရောင်းအဝယ် တည့်တာ မတည့်တာကတော့ ဒါကတော့ ရောင်းသူဝယ်သူပေါ့နော်။ သူက ဈေးကွက်တို့ Quality ကောင်းရင် အရောင်းအဝယ် တည့်မှာပဲ။ အဲတော့ အစိုးရကိုပဲ အပြစ်ပုံချလို့ မရဘူးပေါ့နော်။ တကယ့်တကယ်ကျတော့ ဦးတို့ ခြံရှင်တွေအနေနဲ့လည်း အရည်အသွေးကောင်းအောင် လုပ်ပေ့ါနော်။ အစိုးရလည်းတဖြည်းဖြည်းနဲ့ သူတို့လည်း ဒီက Export ကို တက်လာအောင် အမျိုးမျိုးတော့ ကြိုးစားနေတာပဲ။ သူတို့လည်း Target တော့ ရှိပါတယ်။ Target ရှိတဲ့အတိုင်းလည်း သူတို့ ရည်ရွယ်နေတာ။ ဒါပေမယ့် ဦးတို့ စိုက်ပျိုးသူတွေဘက်ကလည်း လုပ်ရမှာတွေလည်း ရှိပါတယ်။ အစိုးရအနေနဲ့ တကယ်တမ်း လုပ်ချင်ရင်တော့ တကယ့် Central Market ကြီးတစ်ခု လုပ်ပေးသင့်ပါတယ်လို့ ယူဆပါတယ်။ ကျန်တဲ့အပိုင်းကတော့ ဦးတို့ ခြံရှင်တွေအနေနဲ့ကတော့ တာဝန်ယူဖို့ကတော့ ကိုယ့်ဘာသာ အထွက်ကောင်းအောင်လုပ်ကြ။ အရည်အသွေးကောင်းအောင်လုပ်ကြ။ အဲလိုတော့ ဦး မြင်ပါတယ်။

ဒီ ရာဘာစိုက်ပျိုး ထုတ်လုပ်မှုအပိုင်းမှာ ဦးတို့ဘက်က အရည်အသွေးမှီအောင် လုပ်နေတယ်။ ပြီးတော့ ဒါက ဘယ်လောက်ထိ ထိရောက်လဲ။ နိုင်ငံတကာက အသိအမှတ်ပြု လက်မှတ်ရဖို့ကော ဘာတွေ လုပ်ဆောင်ပြီးပြီလဲ။ အဲဒါလေးလည်းပြောပြပေးပါဦး

အရည်အသွေးမှီအောင်ကတော့ နံပါတ်တစ်အနေနဲ့က ဦးတို့ ခြံကြီးရှင်တွေအနေနဲ့ နမူနာ လုပ်ပြရတယ်ပေါ့။ ဒို့ ဒီလိုလုပ်လို့ ရနေတယ်။ လာကြည့်ကြပါဆိုလို့ရှိရင် လာကြည့်တယ်။ မွန်ပြည်နယ်ဘက်က လူတွေကလည်း လာကြည့်ကြတယ်။ ဒါက ဦးခြံရဲ့ အနေအထားကို ပြောပြတာပါ။ လာကြည့်တဲ့အခါ ဦးတို့က တံခါးဖွင့်ပေးတယ်။ တကယ်တော့ ဦးတို့က နံပါတ်တစ်အနေနဲ့   ဖေ့ဘုတ်ထောင်တယ်။ ဖေ့ဘုတ်ထောင်တဲ့အခါမှာ ခြံငယ်ရှင်တွေ၊ နောက် တိုင်းနဲ့ပြည်နယ်က ခြံရှင်တွေက Join တယ်။ Join တဲ့အခါမှာ ဦးတို့က သတင်းထုတ်ပြန်ချက်တစ်ခု ဖေ့ဘုတ်မှာ   ကြေညာတဲ့အခါမှာဒီမှာတော့ ဒါလုပ်နေတယ်။ လာကြည့်ကြပါ။ တချို့ကလည်း ငါတို့လည်း အရင်က ဒါမျိုးလုပ်နေတာ မဆန်းပါဘူးလို့လည်း ပြောကြတယ်ပေါ့နော်။ ဒါပေမယ့် သူတို့ တဖြည်းဖြည်းကျတော့ သိလာတယ်။ သိလာတဲ့အခါကျတော့ ဘိတ်ဆုံးတို့ ဘာတို့ညာတို့ကလည်း TSR လိုက်လေ့လာတယ်။ TSR စက်ရုံတွေမှာ သူတို့ မြင်တဲ့အခါကျတော့ သူတို့လည်း ရင်ထုမနာ ဖြစ်ကြတယ်ပေါ့။ တကယ့်တကယ်ကျတော့ ကက်နဲ့လုပ်ရမယ့်အစား ရာဘာပြားအထူကြီးတွေကို သန့်စင်ဖို့ အဆင့်အများကြီးတွေလိုတဲ့အခါမှာ သူတို့ပြောတယ် အောက်ကလည်း မွန်ပြည်နယ်တို့ ဘာတို့ကလည်း မွန်ပြည်နယ်က အဓိကပါပဲ။ မွန်ပြည်နယ်က ရာဘာအများဆုံးထွက်တာဆိုတော့ သူတို့ဆီမှာ သူတို့ စည်းရုံးတာပေါ့နော်။ တဖြည်းဖြည်းတော့ Quality တော့ ကောင်းလာပါလိမ့်မယ်။

ဟုတ်ကဲ့ပါရှင့်။ အခု အဆုံးသတ်အနေနဲ့ မြန်မာ့ရာဘာဈေးကွက် ဘယ်လဲလို့မေးရင် ဦးမျိုးသန့်အနေနဲ့ ဘယ်လိုအမြင်များ ရှိပါသလဲရှင်။

မြန်မာ့ရာဘာရဲ့ အလားအလာက ဘာလဲဆိုရင် အဓိကကတော့ မြန်မာ့ရာဘာ အလားအလာမကဘူး။ မြန်မာ့စီးပွားရေး အလားအလာ။ မြန်မာ့အလုပ်သမားတွေရဲ့ အလားအလာပါ ဦးတို့ တာဝန်ယူထားရမှာပါ။ တစ်ဖက်ကလည်း တချို့ ထိုင်းအနေနဲ့ ဆိုပါစို့ ထိုင်းမှာ သွားပြီးတော့ လုပ်နေတဲ့ မြန်မာအလုပ်သမားတွေရှိတယ်။ အလုပ်သမားတွေကလည်း ဦးတို့ လူများများလိုလာမယ်။ ထုတ်အားကောင်းလာမယ်။ ဝင်ငွေကောင်းလာမယ်ဆိုရင် ထိုင်းက အခုသွားနေတဲ့ ဦးတို့ မိသားစုပဲ ဆိုကြပါစို့နော် အဲအလုပ်သမားတွေ ပြန်ခေါ်လာနိုင်မယ်။ အလုပ်သမားဆိုတာကတော့ သာရင်တော့ ပြန်လာကြမှာပဲလေ။ မိဝေးဖဝေး ဆွေမျိုးဝေးတဲ့နေရာမှာ သွားမလုပ်ချင်ကြဘူး။ ဒီလိုလုပ်လာနိုင်အောင် ဦးတို့ ကြိုးစားရမယ်။ ဖြစ်လည်း ဖြစ်လာလိမ့်မယ်။

ဟုတ်ကဲ့ပါရှင်။ အခုလို ဦးမျိုးသန့်အနေနဲ့ သမီးတို့ရဲ့ 7 Minutes အစီအစဉ်ကနေ ပါဝင်ပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

ဟုတ်ကဲ့ပါ။ သမီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly