ထိုင်းခရီးစဉ် နောက်ဆုံးရက်တွင် အထူးစီးပွားရေးစံပြကျေးရွာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်

ထိုင်းခရီးစဉ် နောက်ဆုံးရက်တွင် အထူးစီးပွားရေးစံပြကျေးရွာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်
Foreign Ministry photo

မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းခရီးစဉ် နောက်ဆုံးရက်တွင် အထူးစီးပွားရေး စံပြကျေးရွာတစ်ရွာသို့ သွားရောက်လည်ပတ်သည်။

နာခွန်ပတ်သွမ်ပြည်နယ် ဆမ်ဖရမ်ခရိုင်ရှိ ဘန်ဟွာအူကျေးရွာသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်၏ ဇနီး နာရာပွန်ချန်အိုချာက ဧည့်ခံကြိုဆိုသည်။

အဆိုပါ ကျေးရွာသည် ထိုင်းဘုရင်၏ စိတ်ကူးကြံဆမှုဖြစ်သော စီးပွားရေးပုံစံဖြင့် ဖွဲ့တည်ထားသည့် ကျေးရွာဖြစ်သည်။ ကျေးရွာသူရွာသားများက စိုက်ပျိုးမွေးမြူရေးတွင် ဓာတုပစ္စည်းများအပေါ် အမှီအခိုမပြုဘဲ သဘာဝနည်းဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်ရာ ရွာဖြစ်သည်။

အထူးစီးပွားရေးစနစ်များနှင့် ပတ်သက်သင်တန်းပေးသည့် Community Development Department က ရွေးချယ်ထားသော နေထိုင်သူ ၅၀၀ နီးပါးဖြင့် စံပြရွာတည်ထားခြင်းဖြစ်သည်။ ယင်းရွာက လယ်သမားတောင်သူများက ဂရိတ်ဖရုသီး၊ သရက်သီးနှင့် အုန်းသီးများအပါအဝင် အသီးအနှံများကို စိုက်ပျိုးထုတ်လုပ်ကြသကဲ့သို့ လက်လုပ်ပစ္စည်းများကိုလည်း ထုတ်လုပ်ကြသည်။

ဇွန် ၂၅ ခရီးစဉ်အဖြစ် ဆူအန်းဖူအန်းခရိုင်ရှိ ထမ်ဟင်ဒုက္ခသည်စခန်းသို့ ရဟတ်ယာဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း မိုးလေပြင်းထန်သည့် ရာသီဥတုကြောင့် ခရီးစဉ်ကို ပယ်ဖျက်လိုက်ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly