ဒေါ်အောင်ဆန်းစုကြည် ရောက်ပြီးနောက် ဆာမွတ်ဆက်ခွန်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်တာဝန်ရှိသူများ ရာထူးရွှေ့ပြောင်းခံရ

ဒေါ်အောင်ဆန်းစုကြည် ရောက်ပြီးနောက် ဆာမွတ်ဆက်ခွန်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်တာဝန်ရှိသူများ ရာထူးရွှေ့ပြောင်းခံရ
Photo-AFP

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး အလွဲသုံးစားလုပ်မှုများ၊ လူကုန်ကူးမှုများစွပ်စွဲချက်ဖြင့် ဆာမွတ်ဆက်ခွန် ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်တာဝန်ရှိသူ ၂၂ ဦးနှင့် အခြားသူများကို ရာထူးဌာန ရုတ်ခြည်းရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်။

ရာထူးရွှေ့ပြောင်းမှုအမိန့်ကို ဝန်ကြီးချုပ်ချန်အိုချာက အမျိုးသားငြိမ်းချမ်းရေးနှင့် အမိန့်တည်မြဲရေး   ကောင်စီ အကြီး အကဲအနေဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

ယခုရာထူးရွှေ့ပြောင်းမိန့်သည် ဇွန် ၂၄ ရက် ညနေက ထိုင်း အစိုးရအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ် ပရာယုချန်အိုချာတို့ တွေ့ဆုံဆွေးနွေးမှုအပြီး နာရီပိုင်းအတွင်း ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

ဇွန် ၂၃ ရက်က ဒေါ်အောင်ဆန်းစုကြည်သည် ဆာမွတ်ဆက်ခွန်ရှိ ထိုင်းငါးဈေးသို့ ရောက်ရှိခဲ့သည်။ မြန်မာရွှေ့ပြောင်း လုပ်သားအများအပြားရှိသော တာလက်တာလေးထိုင်းသို့သွားကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာအလုပ်သမားများ အခွင့်အရေးများ အလွဲသုံးစားလုပ်ခံရခြင်း တိုင် ကြားချက်များကို ကြားသိထားရသည်။ 

ဆာမွတ်ဆက်ခွန် အုပ်ချုပ်ရေးမှူးကို အကြီးတန်းပြည်နယ်တာဝန်ရှိသူသုံးဦးနှင့်အတူ ရာထူးရွှေ့ ပြောင်း ခံရခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူး မန်ရတ်ရတ်တန်နာဆုခွန်အား ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးတွင် ရုံး ထိုင်သက်သက်ရာထူးနေရာသို့ ရွှေ့ပြောင်းခံရခြင်းဖြစ်သည်။

ဆာမွတ်ဆက်ခွန် လက်ထောက်ရှေ့နေချုပ်အားလည်း ရှေ့နေချုပ်ရုံးသို့ အလားတူနေရာမျိုးဖြင့် ရာ ထူးပြောင်းရွှေ့ခဲ့သည်။

ဝန်ကြီးချုပ် ပရာယွတ်၏ အမိန့်ထုတ်ပြန်ချက်တွင် ဘန်ကောက်နှင့် အခြားပြည်နယ်များက ရာထူးကြီး ရဲအရာရှိများကိုလည်း ရွှေ့ပြောင်းမိန့်များ ချမှတ်ပြီး တော်ဝင်ရဲဌာနက ရုံးထိုင်သက်သက်နေရာများသို့ ပြောင်းရွှေ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly