မြိတ်ခရိုင်အတွင်း တရားမဝင် လိုင်စင်မဲ့ရေယာဉ်များကို စတင်အရေးယူမည်

မြိတ်ခရိုင်အတွင်း တရားမဝင် လိုင်စင်မဲ့ရေယာဉ်များကို စတင်အရေးယူမည်

 မြိတ်၊ ဇွန်- ၂၅ ။            ။ မြိတ်ခရိုင်အတွင်း တရားမဝင် လိုင်စင်မဲ့ရေယာဉ်များ လျော့နည်းပပျောက်စေရေးအတွက် အရေးယူဆောင် ရွက်မှုများပြုလုပ်သွားမည်ဟု ရေကြောင်း ရဲတပ်ဖွဲ့စု (မြိတ်)မှ တပ်ဖွဲ့ဝင် ရေယာဉ်မှူး ဦးကျော်သက်နိုင်က ပြောသည်။

  ဇွန် (၂၄)ရက်တွင် မြိတ်မြို့ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ပြုလုပ်သည့် တရားမဝင်လိုင်စင်မဲ့ရေယာဉ် များ လျော့ နည်း ပပျောက် စေ ရေး နှင့် ရေကြောင်းသွားလာမှုဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ ပေး ဟောပြောပွဲ တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အကြမ်းအားဖြင့်တော့ စီမံချက် ရက်(၁၀၀) ပညာပေးကာလပြီးရင်တော့ ပထမအကြိမ်ဖမ်းမိရင် သတိ ပေးမယ်။ ဒုတိယအကြိမ်ဆိုရင်တော့ ဖမ်းဆီးအရေးယူမှုတွေစပြီးလုပ်ပါမယ်။ ဥပဒေအရ အရင်ကလည်း ဒီလိုပုံစံ ပဲဆိုပေမယ့် အရင်ကလို နားလည်မှုပုံစံမျိုးမရတော့ဘူး။ ဒါကြောင့် ကြိုတင်ပြီး လိုင်စင်မဲ့ရေယာဉ်များ လိုင်စင် စတင်လုပ်ဆောင်ထားကြဖို့တိုက်တွန်းလိုပါတယ်” ဟု ၎င်းကပြောသည်။

ထိုင်းသို့ ငါးရောင်းလှေများအနေဖြင့် ငါးရောင်းချခွင့်အခွန်များကို ကြိုတင်၍ ပေးဆောင်ခဲ့သူများရှိသ ကဲ့သို့ ကြိုတင်အခွန်မဆောင်ဘဲ တိုက်ရိုက်ရောင်းချမှုများရှိခဲ့ပါကလည်း စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)အနေဖြင့် မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ကျ ရောက်ခဲ့ လျှင် ကူညီဆောင်ရွက်နိုင်ရေးအတွက် အမိန့်စောင့်ဆိုင်းနေစရာမလိုပဲ ဆောင်ရွက်နိုင်ပြီး ကျန်သည့် အမှုအ ခင်း ကိစ္စများကိုသာ အမိန့်နာခံဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ သို့အတွက် မြန်ဆန်သည့် ကူညီ ဆောင်ရွက် မှုများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု သိရသည်။

အဆိုပါ ရေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)၏ ရေယာဉ်အမှတ်မှာ (၃၃၂)ဖြစ်ပြီး တပ်ဖွဲ့ဝင်(၁၉)ဦးရှိကာ မြိတ်မြို့ ယောကြီးဝတံတားအနီး အခြေပြု၍ လုံခြုံရေးဆိုင်ရာကိစ္စများကို စတင်တာဝန်ထမ်းဆောင် လျက်ရှိ ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly