ဗကသ(​မြေလတ်​)​ ​ကျောင်​းသားသမဂ္ဂများ ညီလာခံ ပြည်​မြို့တွင်​ ကျင်​းပ

ဗကသ(​မြေလတ်​)​ ​ကျောင်​းသားသမဂ္ဂများ ညီလာခံ ပြည်​မြို့တွင်​ ကျင်​းပ
ဓာတ်ပုံ - ပြည့်ဖြိုးကျော်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မြေလတ်ဒေသ) ကျောင်းသားသမဂ္ဂများ ညီလာခံအား ဇွန်လ ၂၅ရက်နေ့ က ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ မြေလတ်ဒေသထဲမှာရှိတဲ့ တက္ကသိုလ် ကောလိပ် သိပ္ပံတစ်ခုချင်းစီမှ ကျောင်းတွင်လှုပ်ရှားမှုဆိုင်ရာ များ ဗကသ(မြေလတ်)ရဲ့  အမည်ပြောင်းလည်းခြင်းဆိုင်ရာ ကိစ္စရပ်များ ကျောင်းသားစွမ်းရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ ဒေသတွင်းကျောင်းသားထုစည်းလုံးညီညွတ်ရေးဆိုင်ရာ ကိစ္စရပ်များ
နကသ မှာ မြေလတ် ရဲ့ ပါဝင်မှုပုံစံများ ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာတွေကို ဒီနေ့ မှာ ဆွေးနွေးသွားပါမယ်။ပြီးတော့ မြေလတ် ကော်မတီရွေးချယ်တင်မြှောက်ခြင်း နဲ့ အခြားသော သမဂ္ဂဆိုင်ရာ ကိစ္စရပ်များကို လည်း ၂၆ရက်နေ့မှာ ဆက်လက်ဆွေးနွေးသွားမယ်"ဟု ဗ.က.သများအဖွဲ့ချုပ်(မြေလတ်ဒေသ) အထွေထွေအတွင်းရေးမှုး  ကိုသန့်စင်ထွန်း က ပြောသည်။

အဆိုပါ ကျောင်းသာသမဂ္ဂညီလာခံအား ပခုက္ကူ ၊ချောက်၊ရေနံချောင်း၊မကွေး၊ပြည် အစရှိသည့်မြို့အသီးသီးက တက္ကသိုလ်၊ဒီဂရီကောလိပ်၊စက်မှုလက်မှု သိပ္ပံကျောင်း များမှကျောင်းသားသမဂ္ဂကိုယ်စာလှယ် ၁၀၀ကျော် တက်ရောက်ခဲ့ပြီး ဇွန်လ ၂၆ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly